Wednesday, October 14, 2009

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။

၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ


ဖတ်မိတာလေးပါ....

Saturday, October 3, 2009

မိဘရင်ခွင် အဝေးမှာမို့
လွမ်းဆွတ်တမ်းတ သတိရနေပြီးလား....မေမေ
မေမေ့ဝတ်ပြု တောင်းဆုမေတ္တာ
ပို့သမှုကြောင့် ရေခြားမြေခြား
ဝေးကွာနေလည်း သားရဲ့စိတ်အစဉ်
ငြိမ်းချမ်းပျော်ရွှင် ကြည်နူးရ၏....
မေမေပြောသည့် ဆုံးမမှာစကား
စိတ်မှာကြားယောင် နားထောင်ကျင့်သုံး
လိုက်နာမှုကြောင့် တည်ငြိမ်အေးချမ်းရပါတယ် ....မေမေ
မေမေ့ရင်ခွင် အဝေးမှာမို့
စိုးရိမ်ပူပန် လွမ်းဆွေးတမ်းတ
ဝမ်းနည်းမှုကြောင့် မေမေ့မျက်ဝန်း
စီးကျမျက်ရည် ရှိသည့်အခါ
ချစ်သားရင်ဝယ် ဗလောင်ဆူကာ
မချိတင်ကဲ ရှိလှပါ၏။.....
ရိုသေလေးစား ဦးထိပ်ပန်ဆင်
လက်ဆယ်ဖြာမိုး အစဉ်ရှိခိုး
မိဘခြေရာ ရင်ဝယ်ပိုက်ကာ
အမြဲအောက်မေ့ သတိရလျက်
တာဝန်များနှင့် မေမေ့သား...

အမေ့လက်ရာ...

သားလေးအတွက်
အိပ်မက်တွေမဆုံးသေးတဲ့အမေ...
အရုဏ်ဦးအခင်းအကျင်းနဲ့
အိမ်ရှေ့တံခါးဝကနေ မျှော်နေတတ်တဲ့အမေ...
ထွန်ယက်ခံရင်ခွင်တစ်ခုလုံး
စိမ်းလန်းဝင်းမှည့်မှပြန်ခဲ့မယ်အမေ...
အဲဒီလိုနဲ့............
သားလေးရှုပ်ခဲ့သမျှ
ရင်စည်းခံပေးဆပ်ရင်း
ကိုယ်ပိုင်ခြံလေးရောင်းခဲ့တဲ့အမေ...
အတွေ့အကြုံပေါ့သားရယ်တဲ့
မင်းအတွေ့အကြုံကကြေးကြီးတယ်လို့ပြောဖူးတဲ့အမေ...
ကျွန်တော်ရှက်ရွံ့မှုရဲ့သိမ်ငယ်ရာမှာ
အကောင်းမြင်ဝါဒနဲ့အနာဂတ်ကိုမြင်စေတဲ့အမေ...
ကျွန်တော်လောဘမကြီးဘူး
ဖြစ်နိုင်ခြေတစ်ဝက်ရဲ့နှစ်ဆကိုလိုချင်တတ်တာပါအမေ...
အမှားတစ်ရာကြောင့်အမှန်တစ်ခုရှိခဲ့ရင်
အဲ့ဒီတစ်ခုတည်းသောအမှန်တရားဟာ
အမေ့လရောင်ဝါ၀ါတွေရဲ့အောက်
ကြယ်ကြွေကောက်ပြီးပြန်ချင်တဲ့စိတ်ကူးပါပဲ....
အမေ့အိပ်မက်တွေက(ဒီနေ့ထိ)
ကျွန်တော့်ကို တခုတ်တရ ထွေးပွေ့ထားဆဲပါပဲ.....။ ။
အမေ့ရင်ကိုနှုတ်ဆက်
ခံစားချက်မဲ့တဲ့ ဒီနိုင်ငံမှာ
ပညာရှာရင်းကျွန်ခံ
သားတို့ဘဝကို မြုပ်နှံခဲ့ပြီ...အမေ
ပူပြင်းလှတဲ့ နွေလွင်ပြင်အောက်
အထီးကျန်ဆိုတဲ့ သူငယ်ချင်းနဲ့
အမေ့ကိုလွမ်းလို့ မျက်ရည်ကျရင်း
သားစိတ်ပျော့တယ် ဆိုမလား....အမေ
အမေရေ.....
ပျော်တဲ့သူလည်း ပျော်ကြလိမ့်မယ်
လေးလပိုင်းရဲ့ အလယ်ရက်မှာ
နှုတ်ခမ်းအပြုံး နှလုံးသားမျက်ရည်နဲ့
အပျော်တစ်ခုကို ဖန်ဆင်းခဲ့ရတယ်
အမေ
မီးခဲများ နီရဲမယ့်နေ့အထိ
ဆားမပါတဲ့ ဟင်းတစ်ခွက်ကို
သုံးနှစ်ပြည့်အောင် သည်းခံပြီးရင်
အမေရယ်
အမေ့လက်ရာ ဟင်းတစ်ခွက်ကို
ငတ်ငတ်ပြတ်ပြတ် စားသောက်ချင်ပါရဲ့ ....

အမေရဲ့အဆုံးအမများ...

"မွေးလာက တည်းက သေမည့်အချိန်ကို ထမင်းစားရင်းစောင့်နေကြတဲ့ လူတွေ လောကမှာ အများကြီး ရှိတယ်။ ဒီအထဲမှာ ငါ့သားမပါစေနဲ့"

အမေ၏
ဆုံးမစကားတို့သည် ရှင်းသည်၊ တိကျသည်၊ ပြတ်သားသည်၊ နားလည်လွယ်သည်။


ဆင်းရဲသည်ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ မိဘတိုင်း သားသမီးများကို အမွေပေးခဲ့ကြသူများချည်း
ဖြစ်သည်။ အဖေ၊ အမေထံမှ ပစ္စည်းဥစ္စာ၊ ဓနကြေးငွေ၊ ပညာ စသည်တို့ကို ရရှိမှသာ
အမွေရသည်ဟု သားသမီးများက ထင်တတ်ကြပါသည်။ တကယ်တော့
၎င်းင်းပစ္စည်းများတန်ဖိုးနှင့် တုနှိုင်းယှဉ်လို့ မရနိုင်အောင်ပင်
အဖိုးအနဂ္ဃထာဝရ မြင့်နေသော အမွေကို ကမ္ဘာပေါ်ရှိ သားသမီးတိုင်း ၎င်းင်းတို့၏
မိဘအသီးသီးထံမှ ရရှိကြသည်သာ။ ထိုအမွေကား အသက် ဟူသော အမွေတည်း။

"သတိမမူ
ဂူမမြင်၊ သတိမူတော့ မြူပါမြင်သည်" ဟု ဆိုရိုးစကား ရှိပါသည်။ အသက်သည်
အမွေတစ်ခုဟု အမေက ကျွန်တော် သိစေချင်သည်။ ဒီအသက်အမွေကို
အရင်းအနှီးပြုလုပ်ပြီး ကျွန်တော်၏ ကိုယ်ကျင့်သိက္ခာ မြင့်မားအောင်
နေထိုင်စေချင်သည်။ ဒါက အမေ၏ ဆန္ဒ၊ ထိုဆန္ဒနှင့်အညီ စာမတတ်သည့်ကြားမှ
အလျင်းသင့်သလို ကျွန်တော့်ကို ဆုံးမစကားများစွာကို ပြောခဲ့သည်။
ထိုဆိုဆုံးမစကားများသည်ပင် အမေ၏ နှလုံးသားမှ စေတနာ၊ မေတ္တာ၊ ဂရုဏာတို့ဟု
ကျွန်တော်နားလည် သဘောပေါက်ပါပြီ။ အမေက ပြောဖူးသည်…

"၀မ်းနဲ့လွယ်မွေးခဲ့ရတဲ့
မိခင်တိုင်းရဲ့ ကာယီကဒုက္ခနဲ့ စေတသိက ဒုက္ခတွေကို မျက်လုံးအစား နှလုံးသားနဲ့
ခံစားကြည့်၊ မိခင်တိုင်းရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာစွမ်းအင်ကြီးမားပုံကိုလဲ
မြင်အောင် လေးလေးနက်နက်တွေး၊ ဒါမှ အမေရဲ့ တန်ဖိုးကို သိလိမ့်မယ်၊
တန်ဖိုးသိမှ ကျေးဇူးကို နားလည်မယ် ငါ့သား"

"လူဖြစ်ဖြစ်၊
ပစ္စည်းဖြစ်ဖြစ် မရှိတော့မှ တန်ဖိုး ပိုသိကြမယ်၊ သတိရကြမယ်၊
နှမြောတမ်းတကြမယ်၊ အမေ ပြောတာတွေကို ငါ့သားက အသက်ရှစ်နှစ်ဆိုတော့
ငယ်သေးတယ်၊ ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး"

"ငါ့သား၊ အမေနေ့စဉ်နဲ့အမျှ လုပ်နေတာတွေ၊ ပြောနေတာတွေ၊ ကြံစည်နေတာတွေဟာ အမေတို့ သွားရမည့် နေရာကို ပို့ကြလိမ့်မယ်"

"ငါ့သား
နားလည်အောင် အလွယ်ကူဆုံး စကားနဲ့ အမေပြောမယ်၊ ကောင်းတာကြံ၊ ကောင်းတာပြော၊
ကောင်းတာလုပ်၊ အဲဒါဆိုရင် ကောင်းတဲ့နေရာ ရောက်မယ်၊ မကောင်းရင်
မကောင်းတဲ့နေရာ ရောက်မယ်"

"ဒါဆိုရင် အမေကောင်းတဲ့ နေရာရောက်ပါစေလို့ အမေလည်းဆုတောင်း၊ ကျွန်တော်လည်း ၀ိုင်းဆုတောင်းပေးမယ်"

"ငါ့သားရယ် လောကမှာ ဆုတောင်းလို့ရတဲ့ ကိစ္စတွေ ရှိသလို ဆုတောင်းလို့မရတဲ့ ကိစ္စတွေလဲ ရှိတယ်၊ အခုအမေပြောတာတွေက ဆုတောင်းလို့ မရတာတွေ"

"ငါ့သား ကျောင်းစာကိုလည်း ကျက်၊ တဖက်ကလဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်အောင် ကြိုးစား၊ ဘာသာရေးကလဲ အရေးကြီးတာပဲ ငါ့သားရဲ့"

"အမေကလဲ
ကြံကြံဖန်ဖန် ပူနေပုံရတယ်၊ အင်္ဂလိပ်ကျောင်းမှာ နေလို့ ကျွန်တော်
ခရစ်ယာန်ဖြစ်မှာ စိုးရိမ်နေတာနဲ့ တူတယ်၊ အမေရယ်၊ အဖေရော အမေကပါ
ဗုဒ္ဓဘာသာတွေ ဆိုတော့ ကျွန်တော်ကလဲ မိရိုးဖလာ ကိုယ်နှိုက်က ဗုဒ္ဓဘာသာ
ဖြစ်ပြီးသားပါ"

"ငါ့သား
ဒီလိုပြောလို့လဲ မရဘူး၊ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ဖို့ ဆိုတာ လွယ်တာ
မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင် တစ်ဦးမှာ မရှိရင် မဖြစ်တဲ့ အရည်အချင်းဆိုတာ
ရှိတယ်၊ ဘာလဲဆိုတော့ သဒ္ဓါတရားဆိုတဲ့ ယုံကြည်မှုပဲ၊ ဘုရားကို ယုံကြည်ရမယ်၊
တရားကို ယုံကြည်ရမယ်၊ သံဃာကို ယုံကြည်ရမယ်၊ ကံကို ယုံကြည်ရမယ်၊
ကံရဲ့အကျိုးကို ယုံကြည်ရမယ်၊ ဒါဟာ သိပ်အရေးကြီးတဲ့ အချက်ပဲ၊ အဲဒီ
ယုံကြည်မှု ငါးမျိုးထဲက တစ်ခုခု ပျက်ရင် ဗုဒ္ဓဘာသာဝင်
စစ်စစ်မဖြစ်နိုင်တော့ဘူး၊ ဒါဟာ ဘုရားဟောလို့ အမေကိုးကွယ်တဲ့ ဆရာတော်တွေက
ပြောဖူးတယ်"

ကျွန်တော်က ကျက်လက်စ ကျောင်းစာများကို ဘေးအသာချထားပြီး တန်ဘိုးရှိလှသည့် အမေ၏ တရားစကားများကို အာရုံစူးစိုက် နားထောင်နေလိုက်သည်။

"လူတစ်ဦးတစ်ယောက်ဆီက
အင်မတန်မှ ရခဲတဲ့အရာ လောကမှာ ရှိတယ်။ အမေနဲ့ သား၊ ဆရာနဲ့ တပည့်ဆိုပြီး၊
ဇွတ်အတင်း တောင်းလို့ မရဘူး၊ ဒါဟာ ဘာလဲဆိုတော့ ယုံကြည်မှုဆိုတဲ့ သဒ္ဓါတရား
ငါးမျိုးဘဲ၊ သဒ္ဓါတရားဆိုတာ ကာယကံရှင်ရဲ့ ရင်ထဲ၊ အသည်းထဲ၊ နှလုံးအိမ်ထဲက
ဘယ်သူမှ မတောင်းဆိုရဘဲ ဘယ်သူမှ မတိုက်တွန်းရဘဲ အလိုလို မြစ်ဖျားခံ
နိုးကြားလာမှ စစ်မှန်တယ်၊ ဒါမှ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်တယ်တဲ့"

ဘာသာရေး
ခံယူချက်တွင် မှန်ကန်စေချင်သော အမေ၏ ဆန္ဒနှင့် စေတနာကို ကျွန်တော်များစွာ
တန်ဖိုးထားရပါမည်။ ထို့ကြောင့်လည်း ထိုနေ့ညက ကျွန်တော် အမေ့ခြေအစုံကို
ဦးခေါင်းဖြင့် ထိ၍ ရှိခိုးရင်း ကျွန်တော်ဟာ သဒ္ဓါတရားနှင့် ပြည့်ဝသော
ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ဦး ဖြစ်ရပါစေ့မည်ဟု အမေ့ကို ကတိပေးခဲ့ပါသည်။ အမေက
သာဓု သုံးကြိမ်ခေါ်ပါသည်။

"ဟောဒီလှိုင်းလုံးတွေဟာ
ပင်လယ်ထဲက စတင်ပြီး သောင်ကမ်းဆီကို မမောနိုင် မပမ်းနိုင်
ပြေးပြေးတက်လာကြတယ်၊ ကမ်းနားရောက်တော့ ပျောက်ပျက်သွားတယ်လို့ မျက်မြင်အရ
ထင်စရာပေါ့၊ ဒါပေမယ့် အဲဒီလှိုင်းလုံးတွေဟာ မူရင်းစတင်ဖြစ်ပေါ်တဲ့
ပင်လယ်ထဲဆီကို ပြန်သွားကြတယ်လို့ အမေ့ရဲ့ အဖေ အမေတွေက ပြောဖူးတယ်၊
ဒို့ဗုဒ္ဓမြတ်စွာဘုရား စေတနာနဲ့ ပတ်သက်ပြီး ဟောကြားခဲ့တယ်တဲ့၊ ဘုရားက
လုပ်ငန်းတိုင်းကို ကောင်းမြတ်တဲ့ စေတနာနဲ့ လုပ်ဖို့ တိုက်တွန်းတယ်၊
ထိတွေ့ဆက်ဆံရတဲ့ လူတွေ၊ သတ္တ၀ါတွေအပေါ်မှာလဲ စေတနာကောင်းထားရတယ်လို့
ဆုံးမတယ်တဲ့၊ ကိုယ်ထားရှိတဲ့ စေတနာဟာ အချိန်တန်ရင် ကိုယ့်ဆီကို ပြန်လာတယ်၊
အလဟဿ မဖြစ်ဘူး၊ ပင်လယ်သမုဒ္ဒရာထဲက လှိုင်းလုံးတွေဟာ ဝေးကွာတဲ့ ကမ်းနားဆီကို
ဦးတည်သွားနေပေမဲ့ ကမ်းနားရောက်ပြီးတာနဲ့ စတင်ဖြစ်ပေါ်တဲ့ မူလနေရာဆီကို
အမြဲပြန်လာတယ်၊ ပျောက်ပျက်သွားရိုး ထုံးစံမရှိဘူး၊ စေတနာကို
လှိုင်းလုံးနဲ့ ဥပမာပြပြီး ဗုဒ္ဓက ဟောထားခဲ့တာတဲ့"

တန်ဆောင်မုန်းလပြည့်နေ့
ညတစ်ညတွင် ဖြစ်သည်။ မြေဆီမီးခွက်များတွင် ဆီနှင့် မီးဇာကို အသုံးပြု၍
ဗုဒ္ဓကို ကျွန်တော်တို့ မိသားစု ဆီမီးပူဇော်ကြသည်။

"ငါ့သား
ဒီမှာ လာကြည့်စမ်း၊ ဆီသန့်ဆီကြည်နဲ့ ထွန်းတဲ့ ဆီမီးခွက်မီးက ကြည်တယ်၊
မှိုင်း မထွက်ဘူး၊ ဟိုဘက်က ဆီမဲဆီနောက်နဲ့ ထွန်းတဲ့မီးက မကြည်ဘူး၊ မှိုင်း
ထတယ်၊ ဒါဟာ ဆီကြည် ဆီနောက်ရဲ့ ခြားနားမှုပေါ့၊ ငါ့သား လုပ်ငန်းတစ်ခုကို
ဆောင်ရွက်တဲ့အခါ ထားရှိတဲ့ စေတနာဟာ သိပ်အရေးကြီးတယ်၊ စေတနာ သန့်ရင်
သန့်သလို၊ မဲ့ရင် မဲ့သလို၊ ယုတ်ရင် ယုတ်သလို အကျိုးပေးတယ်၊ ငါ့သား
ကိုယ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာ စေတနာသန့်ဖို့ကို အဓိကထား၊ ဗုဒ္ဓကလဲ
ဒီအတိုင်း ဟောတယ်လို့ ဆရာတော်တွေက မိန့်လေ့ရှိတယ်။ ချမ်းသာချင်ရင်
စေတနာမမဲ့ရဘူး"

"လဟာ
အေးမြတယ်၊ အေးမြတဲ့ လမင်းရဲ့ ဓါတ်ကို ပုတီးစိပ်ရင်း ကိုယ့်နှလုံးအိမ်မှာ
ဓါတ်ကူးယူတဲ့ သဘောပဲ၊ ဓါတ်ပေါင်းတယ်လို့ ဆိုချင်ရင်ဆိုပေါ့၊
အတိတ်နိမိတ်ကောင်းလို့ ဓါတ်ပေါင်းလပြည့်နေ့ကို အလေးထားတာ၊ လမင်းရဲ့
အလင်းရောင်ဟာ သန့်တဲ့ နေရာ၊ မသန့်တဲ့ နေရာရယ်လို့ မရွေးဘူး၊ မခွဲခြားဘူး၊
ဒီအတိုင်းဘဲ အမေတို့ဟာလဲ လူတွေကို အဆင့်မခွဲခြားဘဲ လူကိုလူလို
လေးစားတတ်ရမယ်၊ တန်ဖိုးထားတတ်ရမယ်။ လူတိုင်းဟာ သူ့နေရာနဲ့ သူတော့
သုံးတတ်ရင် တန်ဖိုးရှိတာချည်းပဲ"

"ပုဂ္ဂိုလ်တွေက
နေကို လူ့ဦးခေါင်းလို သဘောထားကြတယ်၊ လူ့ဦးခေါင်းဟာ နေရာမပြောင်းဘူး၊
နေမင်းဟာလဲ ဒီအတိုင်းဘဲ၊ လဆန်း၊ လဆုတ်၊ လပြည့်၊ လကွယ်နေ့တွေမှာလဲ
အရွယ်အစား လုံးဝ မပြောင်းဘူး၊ စိတ်ဓာတ်ရေးရာမှာ နေလို ကျင့်ပါ၊
သမာဓိခိုင်မြဲပါစေ၊ အပြောင်းအလဲ မလုပ်ပါနဲ့"

"လကိုတော့
လူ့မျက်နှာလို သဘောထားကြတယ်၊ လဟာ လဆန်းမှာ တစ်မျိုး၊ လဆုတ်မှာ တစ်မျိုး၊
လပြည့်မှာ တစ်မျိုး၊ အမြဲပြောင်းတယ်၊ လူ့မျက်နှာဟာလဲ ဒီအတိုင်းပဲ၊
ဝမ်းသာရင် တစ်မျိုး၊ ၀မ်းနည်းရင် တစ်မျိုး၊ ကြိုက်ရင် တစ်မျိုး၊
မကြိုက်ရင် တစ်မျိုး အမြဲ အပြောင်းအလဲ လုပ်တယ်။ အလျော့အတင်း ရှိတယ်၊
လမင်းရဲ့ အေးမြတဲ့ ဓါတ်ကိုတော့ ပူးပေါင်းရယူပါ။ ဒါပေမဲ့ လရဲ့
ပုံသဏ္ဍာန်လိုတော့ မကျင့်ပါနဲ့လို့ အမေ့ဆရာတွေက ဆုံးမတယ်။ ငါ့သား ကိုယ့်ကို
အကျိုးရှိတဲ့ စကားပြောလို့ကတော့ ကလေးကပဲ ပြောပြော၊ လူကြီးကပဲ ပြောပြော၊
လူမျိုးခြားကပဲ ပြောပြော တန်ဖိုးထားတတ်ရတယ်၊ လေးစားတတ်ရတယ်"

တစ်ညနေ ရန်ကုန်မြို့ ကန်တော်ကြီးဘက် သွာကြည့်ကြစဉ် အမေ ပြောသော စကားများကို ကျွန်တော်သတိရမိပါသည်။

"ငါ့သား၊
ဟိုမှာ ကြည့်စမ်း၊ ကြာပန်းတွေ ပွင့်နေလိုက်တာ၊ အင်း … ကြာပန်းကလေးတွေကို
ကြည့်ပြီး ဘ၀မှာ သင်ခန်းစာ ယူရင် ရတယ်။ ကြာပန်းတစ်ပွင့် ရေပေါ်မှာ
တက်ပွင့်ဖို့ဆိုတာ တကယ် မလွယ်ဘူး။ ရေအောက်က ချုံနွယ်တွေ၊ ပေါင်းပင်တွေက
ကြာပန်း ရေပေါ် မရောက်အောင် အစွမ်းကုန် ၀ိုင်းဆွဲကြတာဘဲ။ ကြာပန်းကလဲ
အားပြိုင်ပြီး ရေပေါ် ရောက်အောင် ကြိုးစားတက်တာပဲ။ ရေပေါ်ပွင့်လာနိုင်တဲ့အထိ
ရောက်လာကြတဲ့ ကြာပွင့်တွေ ရှိသလို ရေအောက်မှာတင် ရွှံ့ညွံပေါင်းပင်တွေ
ကြားမှာ ပုပ်ယိသွားကြတဲ့ ကြာဖူး ကြာငုံတွေဟာလဲ အမြောက်အမြားပဲ။ လူတွေလဲ
ဒီအတိုင်းပဲ။ အပေါ်ရောက်ဖို့ ကြိုးစားကြရင်း အောက်ခြေမှာတင် ဘ၀ဆုံးသွားတဲ့
လူတွေ၊ ပျက်သွားတဲ့ လူတွေဟာ ဒုနဲ့ ဒေး။ ငါ့သား ဘ၀ နွံမနစ်အောင် ကြိုးစား"

ထိုနေ့က ကြာပန်းနှင့် ယှဉ်၍ ပြောသွားသော သင်ခန်းစာကို ကြာပန်းမြင်တိုင်း ကျွန်တော် အမေ့ကို သတိတရ ရှိလှပါသည်။

ငါးမျှားနေကြသော သူများကို တွေ့တော့ အမေ့မှာ ပြောစရာ စကားများ ရှိလာပြန်ပါသည်။

"ငါ့သား၊
ကောက်သော် စားမလောက်ဘူး၊ ဖြောင့်သော် စား မကုန်ဘူးလို့ ရှေးလူတွေက
ဆိုကြတယ်။ သဘောကတော့ ကောက်ကျစ်စဉ်းလဲ လိမ်ညာရင် စားရေး သောက်ရေး ခက်တယ်။
ရိုးသားဖြောင့်မတ်တယ်ဆိုရင်တော့ စားရေး သောက်ရေး လွယ်ကူတယ်။ ပိုလျှံတယ်
ဆိုတဲ့ သဘောပေါ့။ ငါးမျှားချိတ်က ကောက်တယ်။ တစ်နေကုန် မျှားရင်တောင်
စားမလောက်ဘူး။ လေးရဲ့ မြှားတံက ဖြောင့်တယ်။ သားကောင်ပစ်လို့ ရပြီဆိုရင်
တစ်ယောက်စာတင် မကဘူး။ တစ်အိမ်လုံး စားရင်တောင် မကုန်နိုင်ဘူးလို့ ဥပမာ
ပြကြတယ်"

ကန်တော်ကြီးထဲတွင် လူများ အပျော်လှေစီးနေကြသည်ကို တွေ့သောအခါ အမေ ပြောခဲ့သော စကားများသည် များစွာ တန်ဖိုးရှိလှပါသည်။

"ငါ့သား၊
လှေဆိုတာ တည်ဆောက်ပြီးလို့ လှေဖြစ်တာနဲ့ ရေထဲမှာ ချကြရတယ်။ ကုန်းပေါ်မှာ
တင်ထားလို့ မရဘူး။ လှေဟာ ရေနဲ့ ကင်းကွာရင် ကွဲအက်လာတတ်တယ်။ သုံး မရ
ဖြစ်တတ်တယ်။ ဒါကြောင့် လှေဆိုတာ ရေထဲမှာ ချထားရတဲ့ အမျိုး၊ ရေထဲမှာ
လှေချထားရတယ် ဆိုပေမယ့် လှေထဲကို ရေ၀င်လို့တော့ မဖြစ်ဘူး။ ရေ၀င်ရင်
လှေမြုတ်မယ်။ ဒီအတိုင်းပဲ လူတွေဟာ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်၊
ရဟန်းဆိုရင်လည်း ရဟန်းထူး၊ ရဟန်းမြတ် ဖြစ်အောင် ကျင့်ပြီးလို့ ဖြစ်လာရင်
လူနဲ့ကင်းကွာလို့ မရဘူး။ လူတောထဲ ပြန်တိုးရမှာပဲ။ လူတောထဲတော့ တိုးပါ။
လူတိုးတော့ မခံနဲ့လို့ အမေ့ရဲ့ အဖေက ပြောဖူးတယ်။ လူတိုးခံရင်
ကိုယ့်ဟန်ချက် ပျက်တယ်။ လဲနိုင်တယ်။ လူပိတတ်တယ်။ လူတက်နင်းခံရတတ်တယ်တဲ့"

"အမေဟာ
တန်ဖိုး အလွန်မြင့်မားတဲ့ အသက်အမွေကို သားတို့ သမီးတို့ကို ပေးခဲ့ပြီးပြီ၊
ကျွန်တော့်အပေါ် ထားရှိခဲ့သော အမေ၏ ကြီးမားလှသော စေတနာ မေတ္တာ ကရုဏာ တို့ကို
မှတ်တမ်းတင်လိုက်မိသော ကျွန်တော်၏ ရေးသားတင်ပြမှုတို့သည် အမေ့နှလုံးသားမှ
စေတနာ မေတ္တာ ကရုဏာတို့၏ အတိုင်းအတာကို မပြည့်မှီဘဲ လျော့နည်းနေပါက
ကျွန်တော့်ကို အမေ ခွင့်လွှတ်ပါရန် ရှိခိုးတောင်းပန်ပါသည် အမေ။

နေရာလေးတစ်ခု

ပူပင်ကြောင့်ကြ စိုးရိမ်မှုကင်း
ဒုက္ခအလျဉ်း မရှိသည့်နေရာ......
သောကဟူသမျှ ခါးစည်းခံကာ
အန္တာရာယ်တွေ ရင်ဆိုင်ဖြေရှင်း
မျက်နှာတစ်ချက် မညိုးငယ်ရ
အေးချမ်းပျော်ရွှင် လိုရာဖြည့်ဆည်း
မှန်ရာလမ်းညွှန် ကောင်းရာသင်ပြ
ပေးဆပ်မှုအတိ ရှိသည့်နေရာ.....
လန်းဆန်းအပြုံး အကြင်နာလက်နှင့်
ဖေးမကူညီ အားပေးနှစ်သိမ့်
နွေးထွေးမှုနှင့် ငြိုငြင်မှုမဲ့
အမြဲကြိုဆို တံခါးဖွင့်သည့်နေရာ.....

အချစ်ပုံပြင်

ဖတ်မိတာလေးပါ..

တစ်နေ့မှာ လူတွေရဲ့ ခံစားမှုနဲ့ အကျင့်စရိုက်တွေ စုစည်းမိကြသတဲ့။
ပျင်းရိခြင်း သုံးကြိမ်မြောက် သမ်းဝေပြီးချိန်မှာ ရူးသွပ်ခြင်း က "ကဲ... ငါတို့ တူတူပုန်းတမ်း ကစားရအောင်" လို့ စကားစလိုက်တယ်။ စိတ်ဝင်စားခြင်းက စိတ်ဝင်တစား မျက်လုံးလေး ပင့်ကြည့်လိုက်တယ်။ စူးစမ်းခြင်းက "တူတူပုန်းတယ်ဆိုတာ ဘာလဲ?" လို့ သိလိုစိတ်နဲ့ မေးလိုက်တယ်။

"တူတူပုန်းဆိုတာ ကစားနည်းတစ်မျိုး" လို့ ရူးသွပ်ခြင်းက ရှင်းပြတယ်။

"ငါ မျက်စိမှိတ်ပြီး တစ်ကနေ တစ်သန်းအထိ ရေမယ်။ ဒီလိုရေတွက်နေတဲ့ အချိန်မှာ ကျန်လူတွေက ပုန်းအောင်းဖို့ နေရာရှာပြီး ပုန်းကြရမယ်။ တစ်သန်းပြည့်ခဲ့ရင် ပုန်းနေတဲ့သူတွေကို ငါလိုက်ရှာမယ်။ ပထမဆုံး ငါရှာတွေ့တဲ့လူက ငါ့နေရာမှာ အစားဝင်ပြီး ဆက်ကစားရမယ်"

ပြင်းပျခြင်းက အပျော်လွန်ပြီး ထ,ကတော့တယ်။

ပျော်ရွှင်ခြင်းက သံသယကို သဘောပေါက်အောင် ရှင်းပြလိုက်တယ်။

ဘာကိုမှ စိတ်မဝင်စားတဲ့ မပျော်ရွှင်ခြင်းက ခုန်ပေါက် ပြေးလွှားနေခဲ့တယ်။ တစ်ချို့က ဒီကစားပွဲမှာ မပါချင်ခဲ့ကြဘူး။

စစ်မှန်ခြင်းက "ဘာဖြစ်လို့ ငါပုန်းနေရမှာလဲ? " ဆိုပြီး ဒီကစားပွဲမှာ မပါချင်ခဲ့ဘူး။

ဂုဏ်သိက္ခာက ဒီကစားနည်းဟာ ရူးမိုက်တဲ့ ကစားနည်းလို့ ထင်နေခဲ့တယ်။ (တကယ်တော့ ဒီကစားနည်းကို ကစားဖို့ သူအကြံဥာဏ် စပေးခဲ့တာ မဟုတ်လို့ သူဒီလိုထင်မြင်တာဖြစ်တယ်)

အားငယ်ခြင်းက မစွန့်စားချင်လို့ ဒီကစားနည်းထဲမှာ မပါခဲ့ဘူး။

" ၁, ၂, ၃" ရူးသွပ်ခြင်းက စရေတယ်။

ပျင်းရိခြင်းက သူ့စတိုင်လ်အတိုင်း ကျောက်ခဲတစ်လုံး အကွာအဝေးတောင် မရွေ့လျားချင်တဲ့ အရင်ပုန်းအောင်းသူ ဖြစ်ခဲ့တယ်။

ယုံကြည်ခြင်းက မိုးပေါ်ထိ တက်ပုန်းနေခဲ့တယ်။

မနာလိုခြင်းက ကိုယ့်အားကိုယ်ကိုးပြီး ပထမရခဲ့တဲ့ အောင်မြင်ခြင်းရဲ့ နောက်မှာ ဝင်ပုန်းနေခဲ့တယ်။

ရက်ရောခြင်း က ပုန်းအောင်းဖို့နေရာ ရှာမတွေ့ခဲ့ဘူး။ သူရှာတွေ့တဲ့ နေရာတွေကလည်း သူ့ သူငယ်ချင်းတွေ အတွက်ပဲ သင့်တော်တဲ့ နေရာဖြစ်ခဲ့တယ်။

မှန်တစ်ချပ်လို့ ကြည်လင်တဲ့ ရေကန်က လှပခြင်းကို ဖွက်ထားတယ်။

သစ်ခေါင်းက ရှက်ရွံ့ခြင်းအတွက် အသင့်တော်ဆုံး ပုန်းအောင်းနေရာဖြစ်ခဲ့တယ်။

လွတ်လပ်ခြင်းက လိပ်ပြာတွေနဲ့ ပျံဝဲနေခဲ့တယ်။ ဒါကြောင့် နောက်ဆုံးမှာ ရက်ရောခြင်းက နေရောင်ခြည်အောက်မှာပဲ ရပ်နေခဲ့တယ်။

တစ်ကိုယ်ကောင်းဆန်ခြင်းက စစခြင်းမှာပဲ သူနဲ့သင့်တော်တဲ့ နေရာကို တွေ့ထားပြီးဖြစ်တယ်။ လေဝင်လေထွက်ကောင်းပြီး သက်တော်သက်သာရှိတဲ့ နေရာမှာပေါ့။

လိမ်ညာခြင်းက ပင်လယ်အောက်အထိ ဝင်ပုန်းနေခဲ့တယ်။ (ဒါလိမ်တာ.. တကယ်တော့ သက်တန့်နောက်မှာ သူပုန်းနေတာဖြစ်တယ်) ပြင်းပျခြင်းနဲ့ ရမ္မက်ဆန္ဒက မီးတောင်ထိပ်အထိ တက်ပုန်းနေခဲ့တယ်။

မေ့လျှော့ခြင်းကရော? မေ့သွားပြီ ! ဒါ အရေးမကြီးပါဘူး။

ရူးသွပ်ခြင်းက ၉သိန်း ၉သောင်း ၉ထောင့် ၉ရာ ၉ဆယ့်၉လို့ ရေတွက်မိချိန်အထိ ချစ်ခြင်းမှာ ပုန်းအောင်းစရာ ရှာမတွေ့ခဲ့ဘူး။ သူရှာတွေ့ခဲ့တဲ့ နေရာတိုင်း လူရှိနှင့်နေပြီဖြစ်တယ်။ ဒါပေမယ့် နှင်းဆီပင်တစ်ပင်ကို သူသတိထားမိပြီး အပင်အောက် သူဝင်ပုန်းလိုက်တယ်။

" တစ်သန်း! " အရေအတွက်ပြည့်တာနဲ့ ရူးသွပ်ခြင်း လူစရှာတော့တယ်။

ပထမဆုံး သူရှာတွေ့တာက ကျောက်ခဲတစ်လုံးအကွာ လောက်မှာသာ ပုန်းအောင်းနေတဲ့ ပျင်းရိခြင်းကို ဖြစ်တယ်။ အဲဒီနောက် ဘုရားသခင်နဲ့ အငြင်းပွါးနေတဲ့ ယုံကြည်ခြင်းရဲ့ အသံကို သူကြားလိုက်တယ်။ နောက် မီးတောင်ပေါ်မှာ သွေးတိုးခုန်လှုပ်နေတဲ့ ပြင်းပျခြင်းနဲ့ ရမ္မက်ဆန္ဒတို့ကို သူတွေ့လိုက်တယ်။ ဆက်ပြီး မနာလိုခြင်းကို သူတွေ့ပြန်တယ်။ မနာလိုခြင်းရဲ့ရှေ့က အောင်မြင်ခြင်းကိုလည်း တွေ့လိုက်တယ်။

ရူးသွပ်ခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်းကို ရှာနေစရာတောင် မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်ကောင်းဆန်ခြင်းက ပျားလပို့ထဲ ဝင်ပုန်းနေလို့ဖြစ်တယ်။

ရူးသွပ်ခြင်းက ရှာရင်းဖွေရင်း မောပန်းလာခဲ့တယ်။ ရေလည်း ငတ်လာခဲ့တယ်။ အဲဒီလိုနဲ့ ရေကန်မှာ လှပခြင်းကို တွေ့လိုက်မိတယ်။ ဘယ်ထောင့်မှာ ပုန်းအောင်းရမှန်းမသိတဲ့ ကန်ဘောင်ဘေးက သံသယကိုလည်း တွေ့လိုက်တယ်။ အဲဒီနောက် ကျန်တဲ့ လူတွေကိုပါ သူရှာတွေ့ခဲ့တယ်။

ဖြစ်နိုင်စွမ်းက မြက်ခင်းပေါ်မှာ၊ စိတ်ပျက်ခြင်းက တွင်းမည်းကြီးထဲမှာ၊ လိမ်ညာခြင်းက ပင်လယ်အောက်မှာ (တကယ်တော့ သက်တန့်နောက်မှာ)။ မေ့လျှော့ခြင်းက သူ့ကိုယ်သူ တူတူပုန်းတမ်း ကစားနေပါလား ဆိုတာကိုတောင် မေ့လျှော့နေခဲ့တယ်။

နောက်ဆုံး ချစ်ခြင်းပဲ ကျန်တော့တယ်။ အပင်တိုင်းရဲ့နောက်၊ ဂြိုလ်တိုင်းရဲ့ ကြားနေရာမှာ ချစ်ခြင်းကို ရူးသွပ်ခြင်း လိုက်ရှာခဲ့တယ်။ တောင်တွေပေါ်မှာလည်း ချစ်ခြင်းကို ရှာမတွေ့ခဲ့ဘူး။ ရူးသွပ်ခြင်း ဆက်မရှာဘဲ လက်လွတ်ဖို့ကြံတုန်း နှင်းဆီပင်နဲ့ နှင်းဆီပန်းကို တွေ့လိုက်မိတယ်။ နှင်းဆီပင်ကိုကိုင်ပြီး သူလှုပ်ခါကြည့်တော့ နာကျင်တဲ့ အော်သံတစ်ခုကို သူကြားလိုက်တယ်။ ချစ်ခြင်းရဲ့မျက်စိကို နှင်းဆီဆူး စူးသွားလို့ဖြစ်တယ်။ သူ့ကြောင့်ဖြစ်ရတဲ့အတွက် ရူးသွပ်ခြင်းက ငိုယိုပြီး ချစ်ခြင်းကို ခွင့်လွတ်ဖို့ တောင်းပန်တယ်။ မျက်မမြင်ချစ်ခြင်းကို တစ်သက်လုံး လမ်းပြတွဲခေါ်သူအဖြစ် လုပ်သွားပါ့မယ်လို့လည်း ဂတိပေးခဲ့တယ်။

အဲဒီလိုနဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ခံစားချက်တွေရဲ့ တူတူပုန်းတမ်း ကစားပြီးနောက် ချစ်ခြင်းဟာ မျက်စိကွယ်သွားခဲ့တယ်။ အဲဒီနောက် ချစ်ခြင်းနောက်မှာ ရူးသွပ်ခြင်းက အမြဲ ကပ်လိုက်နေခဲ့တော့တယ်။

အချစ်မှာ မျက်စိမရှိပါ။ အချစ်ကြောင့် ရူးသွပ်သွားတယ်။ ရူးရူးမူးမူး ချစ်မိတယ်.. စတာတွေက ဒီပုံပြင်နဲ့များ ဆက်နွယ်နေလား မသိ ဘူးနော် ....

Saturday, September 26, 2009

ရည်ရွယ်ချက်များ....

ဒိဘလော့လေးကတော့ လူငယ်ပီပီ ပေါ့ဗျာ ကောင်မလေးတစ်ယောက်အတွက်ရည်ရွယ်ပိးလုပ်ပေးတာပါဗျာ အဓိက ရည်ရွယ်ချက်ပေါ့ ဗျာ…. အဲနောက်ရည်ရွယ်ချက်တစ်ခုကတော ကျွန်တော်တို့ မြန်မာနိုင်ငံက အဘိုးအဘွား ဆုံးပါးသွားတဲ့ မိသာစုတွေ မှာ အဖေ အမေ ပုံသာရှိတတ်ကြ ပြိးတော့ အဘိုးအဘွားပုံတွေ ကတော့မရှိတတ်ကြဘူး ဗျ…ကျွန်တော်တို့ဆို မမွေးဖွားခင်ကတည်း ကအမေ ဘက်ကရောအဖေဘက်ကရော အဘိုးအဘွားတွေက ကွယ်လွန်းသွားခဲ့တဲ့ အတွက် ခုချိန်ထိ အဘိုးအဘွား ပုံတွေကို မမြင်ခဲ့ဖူးဘူး …ဒါကြောင့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လေးတွေကျရင် သူတို့ ရဲ့အဘိုးပုံက ဘယ်လို သူတို့ ရဲ့အဘွားပုံ က ဖြင့် ဘယ်လိုဆိုပြိးတော့ ပြချင်တာပါ…အဲလိုပြောလို့ အဖေ နဲ့အမေကိုကွယ်လွန်ခိုင်းတာတော့မဟုတ်ပါဘူးဗျာ…မဆုံးပါး ခဲ့လျှင်တောင် ဒါကတော့ ဘွားဘွားငယ်ငယ်က ပုံ…ဒါကတော့ဘိုးဘိုးငယ်ငယ်ကပုံ…အဲသလိုပြချင်တဲ့ ရည်ရွယ်ချက်လေးလည်းပါပါတယ်…ဒါကြောင့် ဒိဘလော့ လေးမှာ ကျွန်တော်မိသားစု ပုံများ…ကျွန်တော် ကိုယ်ရေးကိုယ်တာရေးမှတ်ချက်တွေ ပါထည့်ချင်တာပါ…ကျွန်နော်ခန့်မှန်းချက်ပေါ့ဗျာ… နောက်နှစ်အနည်းကြာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံက ပြည်သူတိုင်းဟာ(မျိုးဆက်သစ်လေးတွေတိုင်းဟာ) အင်တာနက်ဆိုတာကြိးကိုထိတွေ့ ဆက်ဆံနိုင်လိပ့်မယ်လို့…အဲခါကျရင်ကျွန်တော်တို့ ရဲ့ သားသမိးတွေ…တူ..တူမ တွေဟာ သူတို့ ရဲ မိသားစု ပုံများကိုဒိဘလော့လေးမှာ ကြည့်မြင်နိုင်အောင်ပါ…ယခုလို့ ကျွန်တော်ကိုယ်ရေးကိုယ်တာ ပါဆန်နယ် ကိစ္စကြိး ပဲရေးလို့ လာလည်ကြတဲ့သူငယ်ချင်းတွေ အတွက် ပျင်းဖို့ကောင်းနေမှာစိုးလို့ ဖတ်မိသမျှ ဟာသလေးတွေ ထူးဆန်းတာလေးတွေလည်းရေးပြိးတင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်…ဟာသတွေ…ဗဟုသုတစာပေတွေကတော့ ကျွန်နော်လည်း မရေးတတ်ဘူးဗျ…ဒါကြောင့်ကျွန်တော့် ဖတ်မိသမျှ…စုဆောင်းမိသမျှတွေထဲကမှ ကျွန်တော့် သူငယ်ချင်းတွေအတွက် သုတ ဖြစ်စေမယ်အကြောင်းအရာလေးတွေ ကိုတင်မယ်ပေါ့ဗျာ…ဒါကတော့ ကျွန်တော့် ဘလော့လေးရဲ ပထမ မူလ ရည်ရွယ်ချက်လေး ဖြစ်ပါတယ်....

သို့ ... ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။

မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။

သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး

Monday, September 14, 2009

မှတ်တမ်း ၁...

သူမ…ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ ကျွန်တော့်ရင်ထဲက တစ်ခုတည်းသော တန်ဖိုးအရှိဆုံး အရာတစ်ခုပါ
မဖြစ်နိုင်တော့မှန်းသိပေမယ့် ငါ မင်းကို မျှော်လင့်နေမိတယ်လေ…
ငါ့ရင်ထဲမှာ မင်းဖြူစင်စွာနဲ့ တည်ရှိနေအုံးမှာပါ…
မင်းအတွက် အကောင်းဆုံးတွေပဲ ဖြစ်လာပါစေလို့ ငါမျှော်လင့်ပါတယ်…

*ကျွန်တော် သူငယ်ချင်း တစ်ယောက်ရဲ့  ခံစားချက်လေးပါ..........*

မှတ်တမ်း ၂...

ငါမင်းအတွက်ပေးဆပ်တာတွေ မပြီးသေးခင် ဘာလို့မင်းက ထွက်သွားရတာလည်း….
ငါက မင်းအတွက် ပေးဆပ်ဖို့ အများကြီး ရည်ရွယ်ထားတာကွ…
ငါမင်းအတွက် နည်းနည်းပဲ ပေးဆပ်လိုက်ရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်…
မင်းစိတ်ထင်တိုင်းတော့ လျောက်မလုပ်ပါနဲ့ကွာ…
မင်းထက် ငါက ပိုပြီးခံစားနေရလို့ပါ…ငါ့အတွက်မဟုတ်ပါဘူး…မင်းအတွက်ပါ…
ငါမင်းကို မြတ်နိုးတယ် တန်ဖိုးထားတယ် …ခုအချိန်ထိပဲ…
ခုချိန်ထိ မင်းငါ့ရင်ထဲမှာ ဆက်လက်ရှင်သန်နေပါတယ်…
ချစ်နေခွင့် မရှိတော့ရင်တောင် ပေးဆပ်ခွင့်လေးတော့ ငါရချင်နေမိတယ်…
ငါ့ရင်ခွင်ကို မင်းနင်းချေသွားခဲ့ပေမယ့်…ငါ ကျေနပ်နေမိပါတယ်…
ငါနာကြင် ခံစားနေရတယ်ဆိုတာကလည်း …မင်းအတွက်ပါကွာ…
ငါဘာမှ မမျှော်လင့်ပါဘူး…မင်း ဘ၀လေး တည်ငြိမ်အေးချမ်း ပျော်ရွှင်နေရင်ပဲ ငါကျေနပ်ပါပြီကွာ…
ငါတို့နှစ်ယောက်ရဲ့ အမှတ်တရ နေ့လေးတွေကို ငါမင်းနဲ့အတူ ကျင်းပချင်ပါတယ်…
ခုတော့ မင်းမရှိတဲ့ နေရာမှာ ငါ့တစ်ယောက်တည်းပဲ အထီးကျန်စွာပြုလုပ်ရတော့မှာပေါ့..
မင်းရဲ့ပုံရိပ်တွေက ငါ့ရင်ထဲကနေ ဘယ်တော့မှ ပျောက်ပြယ်သွားမှာ မဟုတ်ပါဘူး…

မှတ်တမ်း ၃...

ဒီနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့လေ…ငါ ကတော့ မင်းကို သတိရနေတယ်…မင်း ရင်ထဲမှာလည်း ငါ့ကို သတိရနေမှာပဲလို့ ရူးသွပ်စွာ မျှော်လင့်နေမိတယ်…တကယ်တော့ မင်းရင်ထဲမှာ ငါ မရှိပါဘူးလေ…ငါမင်းကို လွမ်းဆွတ်နေပါသေးတယ်…မဖြစ်နိုင်တော့မှန်းသိပေမယ့် စိတ်ကူးယဉ်ဆန်တဲ့
မျှော်လင့်ချက်တွေ ငါ့ရင်ထဲမှာ တည်ရှိနေဆဲပဲလေ…ခု ငါ့ဘ၀ကြီး ခါးသက်နေပြီ…ငါ့ဘ၀ဆောက်တည်ရာမဲ့နေပြီ…အထီးကျန်ဆန်တဲ့ အရသာကို ငါခံစားနေရပြီ…ခုဆို ငါဟာ မင်းမကြိုက်တဲ့ ဆေးလိပ်လည်း မသောက်တော့ဘူး…ချစ်သူရယ်…ငါမင်း အသံလေးကို ကြားချင်လိုက်တာကွာ…မင်း မဟုတ်တဲ့ အခြားတစ်ယောက် ကို ငါဘယ်လို မှ ချစ်နိုင်မယ် မထင်ဘူးကွာ…ငါ မင်းကို အရမ်းချစ်တယ်…မြတ်နိုးတယ် …တန်ဖိုးထားတယ်…မေ့ပြစ်သင့်မှန်းသိလို့ ငါ မေ့ထားခဲ့ပါတယ်…ဒါပေမယ့် မင်း က ငါ့နှလုံးသားထဲမှာ အမြစ်တွယ်နေပြီလေ…အချိန်အတိုင်းအတာ တစ်ခုကျရင်တော့ ငါနှလုံးသားထဲကနေ မင်းကို မေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…ခုလောလောဆယ်တော့ ငါ တော်တော်လေး ခံစားနေရတယ် ချစ်သူရယ်…ကောင်းပါတယ်…ငါက အဲဒီလိုမျိုး တမြည့်မြည့်နဲ့ ခံစားနေရတဲ့ ခံစားချက်လေးတွေကို သဘောကျတယ်…မင်းနောက်ဆုံးတောင်းဆိုခဲ့တဲ့ အတိုင်း ငါ မင်းကို အရုပ်အကြီးကြီး ၀ယ်ပေးမှာပါ…အပြင်ပန်းကြည့်ရင်တော့ ငါ ဘာမှမဖြစ်သလိုပါပဲ…ရင်ထဲမှာတော့ မင်းအတွက် တမြည့်မြည့် လောင်ကျွမ်းနေပါတယ်…ငါ မင်းကို ပဲချစ်တယ်…မင်းကိုပဲ တွေ့ချင်တယ်…မင်းနဲ့ပဲ ဘ၀ကို လျောက်လှမ်းချင်တယ်…ထားလိုက်ပါလေ…ဒါတွေက လက်တွေ့မှာ ဘယ်လိုမှ ဖြစ်မလာနိုင်တော့ဘူးလေ…ငါ့စိတ်ကူးထဲမှာ မင်းနဲ့အတူ ငါ့ဘ၀ကို အမြဲတမ်း ဖြတ်သန်းနေမှာပါ…မင်း ငါ့ရင်ထဲမှာပဲ အမြဲတမ်း ရှင်သန်နေတော့နော်…ငါ ရင်ထဲက အချစ်တွေကတော့ မင်းအတွက် အမြဲတမ်း စီးဆင်းနေမှာကွာ…လွမ်းလိုက်တာကွာ…မင်းနေကောင်းရဲ့လား…စိတ်တွေညစ်နေသေးလား…ပျော်အောင်နေနော်…ဘာတော့မှ စိတ်ညစ်စရာတွေ မတွေးနဲ့နော်…လိမ်မာတယ်…ကိုယ် မှာ ခဲ့တာတွေကိုရော မင်းမေ့များနေပြီလားဟင်…ချစ်သူရယ်…မင်းဘ၀မှာ ငါက အရေးမပါခဲ့ဘူးနော်…ငါ မင်းကို ဒီထက်ပိုပြီး ပေးဆပ်ချင်သေးတာ…ငါ သာ မြန်မာမှာ ရှိနေခဲ့ရင် မင်း ဒီလို အဖြစ်မျိုးဖြစ်မှာ မဟုတ်ဘူးနော်…ငါ ကို က ဒီကိုလာခဲ့မိတာမှားတာပါ ချစ်သူရယ်…အိမ်က စေ့စပ်ပေးမယ်လုပ်တုန်းက ငါ မငြင်းသင့်ခဲ့ဘူးနော်…အဲဒါဆို မင်းလည်း အခုလို ဖြစ်ချင်မှ ဖြစ်မှာ…ဘာပဲဖြစ်ဖြစ်လေ မင်းပေးတဲ့ အချစ်တွေက ငါ့အတွက် တစ်ဘ၀စာ လုံလောက်ပါတယ် ကွာ…မင်းငါ့အပေါ်ကို ဘယ်လိုပဲ ချစ်ခဲ့ ချစ်ခဲ့ မင်းနဲ့ငါနဲ့ချစ်နေတဲ့ အချိန်တွေမှာ ငါပျော်ရွှင်ရပါတယ် …ကြည်နူးရပါတယ်…အားပေးနှစ်သိမ့်မှုတွေလည်း ရခဲ့ပါတယ်ချစ်သူ…အဲဒီအတွက်ကြောင့် ငါမင်းကို ကျေးဇူးတင်နေမှာပါ…အဆင်ပြေ အောင်နေနော်…ငါ မင်းကို လွမ်းနေမှာပါ…မင်းကတော့ ဘယ်သိမှာလည်း…ငါ မင်းကို မေ့သွားပြီလို့ပဲ ထင်နေမှာပေါ့…တကယ်တော့ ….ငါ….မင်းကို….အမြဲတမ်းပဲချစ်နေခွင့်ရချင်ခဲ့တာပါ….လွမ်းတယ်ကွာ..။

မှတ်တမ်း ၄...

မင်း ခုချိန်ဆို အိပ်ပျော်နေလောက်ပြီပေါ့…ငါကတော့ မင်းကို လွမ်းဆွတ်တမ်းတမိနေတုန်းပဲကွာ…မင်း အဆင်ပြေရဲ့လား…အစစအရာရာ အားလုံးအဆင်ပြေနေပါစေလို့ ငါ ဆန္ဒပြုပါတယ်…ငါ့ထက် ပိုပြီး မင်းအပေါ်မှာ တန်ဖိုးထား မြတ်နိုး နိုင်တဲ့ ရင်ခွင် တစ်ခုကို မင်းပိုင်ဆိုင်ပါစေလို့ ငါ ရင်နာနာ နဲ့ ဆုတောင်းနေပါတယ်…ဘာဖြစ်လို့ ငါ့ရင်ထဲမှာ မင်းရှိနေသေးတာလည်း မသိဘူးကွာ…ငါမင်းကို လွမ်းတယ်…ငါလွမ်းလို့ ငါခံစားနေရတာတွေကို ဘယ်သူ့ကိုမှ မပြောပြချင်တော့ဘူးကွာ…သေချာတာ တစ်ခုကတော့ ငါမင်းကို ချစ်နေတုန်းပါပဲ…မြတ်နိုးနေတုန်းပါပဲ..တန်ဖိုးထားနေတုန်းပါပဲ…မျှော်လင့်နေတုန်းပါပဲကွာ…

မှတ်တမ်း ၅...

ချစ်သူရယ်…
ငါ မေ့ပြစ်သင့်မှန်း သိပေမယ့် မေ့လို့မရဘူးကွာ…ငါ မင်းကို အဲဒီလောက်ထိ စွဲလန်းနေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူးကွာ…ငါ အခုကြေကွဲနေရပြီကွာ…ငါမှာ မင်းကို ဆက်ချစ်နေခွင့်တောင် မရှိတော့တဲ့ အဖြစ်ပါကွာ…ငါ အခု မင်းအသံကို အရမ်းကို ကြားချင်တယ်…မင်းပြောတဲ့ စကားသံတေလးတွေကို ကြားချင်တယ်…မင်းကိုလည်း တွေ့ချင်တယ်…ဘာပဲဖြစ်ဖြစ်လေ အခု ငါခံစားနေရပေမယ့် မင်း ငါလိုမခံစားရပါစေနဲ့လို့ပဲ ငါဆုတောင်းပါတယ်…ဘာဖြစ်လို့လည်း ဆိုတော့ အရမ်းကို ပြင်းထန်တယ် ချစ်သူ…အဲဒါကြောင့်မင်းကို ငါ မခံစားစေချင်ဘူး…ဘာပဲဖြစ်ဖြစ် မင်း အမြဲတမ်း ပျော်ရွှင်နေပါစေကွာ…ငါ ကတော့ မင်းကို ငါ့ရင်ထဲမှာ ဆက်ချစ်နေအုံးမှာပါ…မင်း မရှိတော့တဲ့ နောက်မှာ သီချင်းတွေကလည်း ငါ့ကို နာကျင်စေတယ်ကွာ…တိုက်ဆိုင်မှုလေးတွေ ၇ှိတိုင်း ရင်နင့်အောင် ခံစားရတယ်ကွာ…ခုချိန်မှာ ငါ ခံစားနေရတာကတော့ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ သူတစ်ယောက်လိုပါပဲကွာ…မင်းရော နေကောင်းရဲ့လားဟင်…ကျန်းမာရေးကို တော့ ဂရုစိုက်ပါကွာနော်…ဘာပဲဖြစ်ဖြစ် မင်းအဆင်ပြေနေတယ်ဆိုတာပဲ ငါကြားချင်ပါတယ်…မင်း အတွက် ငါမရှိရင် လည်း နေလိုရပေမယ့် …ငါ့အတွက်တော့ မင်းလိုအပ်တယ် ချစ်သူ…ငါ မင်းကို အရမ်းကို တမ်းတမိတယ်…ဟိုအရင်အချိန်တွေကို ငါပြန်လိုချင်နေမိတယ် ချစ်သူရယ်…ဒီအချိန်ဆို မင်း အိပ်နေလောက်ပြီပေါ့…ဘာဖြစ်လို့များ ငါနဲ့ဝေးရမယ် လမ်းကိုမှ မင်းရွေးချယ်ရတာလည်းကွာ…ငါ အရမ်းကို ခံစားနေရပါတယ်ကွာ…မင်း အတွက်ပေါ့…

မှတ်တမ်း ၅...

ချစ်သူရယ်…
ငါ မေ့ပြစ်သင့်မှန်း သိပေမယ့် မေ့လို့မရဘူးကွာ…ငါ မင်းကို အဲဒီလောက်ထိ စွဲလန်းနေလိမ့်မယ်လို့ ငါမထင်ခဲ့ဘူးကွာ…ငါ အခုကြေကွဲနေရပြီကွာ…ငါမှာ မင်းကို ဆက်ချစ်နေခွင့်တောင် မရှိတော့တဲ့ အဖြစ်ပါကွာ…ငါ အခု မင်းအသံကို အရမ်းကို ကြားချင်တယ်…မင်းပြောတဲ့ စကားသံတေလးတွေကို ကြားချင်တယ်…မင်းကိုလည်း တွေ့ချင်တယ်…ဘာပဲဖြစ်ဖြစ်လေ အခု ငါခံစားနေရပေမယ့် မင်း ငါလိုမခံစားရပါစေနဲ့လို့ပဲ ငါဆုတောင်းပါတယ်…ဘာဖြစ်လို့လည်း ဆိုတော့ အရမ်းကို ပြင်းထန်တယ် ချစ်သူ…အဲဒါကြောင့်မင်းကို ငါ မခံစားစေချင်ဘူး…ဘာပဲဖြစ်ဖြစ် မင်း အမြဲတမ်း ပျော်ရွှင်နေပါစေကွာ…ငါ ကတော့ မင်းကို ငါ့ရင်ထဲမှာ ဆက်ချစ်နေအုံးမှာပါ…မင်း မရှိတော့တဲ့ နောက်မှာ သီချင်းတွေကလည်း ငါ့ကို နာကျင်စေတယ်ကွာ…တိုက်ဆိုင်မှုလေးတွေ ၇ှိတိုင်း ရင်နင့်အောင် ခံစားရတယ်ကွာ…ခုချိန်မှာ ငါ ခံစားနေရတာကတော့ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ သူတစ်ယောက်လိုပါပဲကွာ…မင်းရော နေကောင်းရဲ့လားဟင်…ကျန်းမာရေးကို တော့ ဂရုစိုက်ပါကွာနော်…ဘာပဲဖြစ်ဖြစ် မင်းအဆင်ပြေနေတယ်ဆိုတာပဲ ငါကြားချင်ပါတယ်…မင်း အတွက် ငါမရှိရင် လည်း နေလိုရပေမယ့် …ငါ့အတွက်တော့ မင်းလိုအပ်တယ် ချစ်သူ…ငါ မင်းကို အရမ်းကို တမ်းတမိတယ်…ဟိုအရင်အချိန်တွေကို ငါပြန်လိုချင်နေမိတယ် ချစ်သူရယ်…ဒီအချိန်ဆို မင်း အိပ်နေလောက်ပြီပေါ့…ဘာဖြစ်လို့များ ငါနဲ့ဝေးရမယ် လမ်းကိုမှ မင်းရွေးချယ်ရတာလည်းကွာ…ငါ အရမ်းကို ခံစားနေရပါတယ်ကွာ…မင်း အတွက်ပေါ့…

မှတ်တမ်း ၆...

ဒီနေ့ညက မှတ်မှတ်ရရ မင်းနဲ့အိပ်မက် ထဲမှာ တွေ့ဆုံခဲ့တယ်…ကျေးဇူးပါကွာ…တကယ်ကိုယ် မင်းကို ကျေးဇူးတင်ပါတယ်….ဘာဖြစ်လို့လည်း ဆိုတော့ မင်းနဲ့ကိုယ်က အပြင်မှာ တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ…ကိုယ်အပ်မက် က နိုးတော့ အရမ်းကို ပျော်ရွှင်မိပါတယ်…ဘာပဲဖြစ်ဖြစ် ကိုယ့် အတွက်တော့ အဲဒီအိပ်မက်ကလေး က တန်ဖိုးရှိလွန်းပါတယ်ကွာ…ကိုယ်က ချစ်နေဆဲဆိုတော့…မင်းကိုတွေ့ခွင့်ရတဲ့ အတွက် ကျေနပ်ပါတယ်(အိပ်မက်ထဲမှာ)…ဘာပဲဖြစ်ဖြစ် မင်းကို ကိုယ် ဆက်ချစ်နေဆဲပါကွာ…တိုက်ဆိုင်မှုတွေရှိတဲ့အခါတိုင်း ကိုယ်မင်းကိုလွတ်ဆွတ်တမ်းတနေအုံးမှာပါ…မင်းလည်း အစစအရာရာ အဆင်ပြေပါစေနော်…ကိုယ်မင်းအတွက် ဆုတောင်းပေးပါတယ်…ကိုယ်အတွက်တော့ အားလုံးအဆင်ပြေပါတယ်…ကိုယ်ရောက်တဲ့နေရာ ဖြစ်တဲ့ဘ၀မှာပဲ နေတတ်အောင် လေ့ကျင့်ထားပါတယ်ချစ်သူ…မင်းလည်း ကိုယ့်လိုပဲ နေနိုင်ပါစေကွာ…မင်းဘ၀အစစအရာရာ အားလုံးအဆင်ပြေနေပါစေလို့ ကိုယ်ဆုတောင်းပါတယ်…ခုချိန်ဆို မင်းအိပ်ပျော်နေလောက်ပြီပေါ့…ကိုယ်ကတော့မင်းကိုလွမ်းနေသေးတယ် ချစ်သူ…ကောင်းသောညပါကွာ…

မှတ်တမ်း ၇…

ချစ်သူ….မင်း ဘာတွေလုပ်နေမလည်းကွာ…ကိုယ်သိပါတယ် ဒီအချိန်ဆို မင်း အိပ်စက်နေပြီပေါ့ကွာ…ဒါပေမယ့် ကိုယ်ကတော့ အိပ်လို့မပြောဘူးကွာ…အချစ် အကြောင်းနဲ့ပက်သက်လို့ ပြောတဲ့ အကြောင်းအရာတွေကို နားထောင်မိလေးတိုင်း ငါရင်ထဲမှာ မချိအောင်ခံစားနေရတုန်းပဲကွာ….ခုဆို ကိုယ်မင်းကို လွမ်းလို့ ဂီတာတီးပြီးတော့ သီချင်းလေးတွေတောင် ဆိုတတ်နေပြီ….ကိုယ်ဆိုတဲ့ သီချင်းတွေကို မင်းတစ်ယောက်ကြားနိုင်ပါစေလို့ ကိုယ်မျှော်လင့်ပါတယ်…ကိုယ်ဆိုတဲ့ သီချင်းကတော့ အဆွေးသီချင်းတွေပါပဲလေ…ကိုယ့်ဘ၀မှာ ကိုယ်မျှော်လင့်တာတွေ အားလုံးဟာ တစ်ခုမှ ဖြစ်မလာခဲ့ဘူးကွာ….အဲဒီအထဲမှာ နှလုံးသားရေးရာပါ ပါတာပေါ့ကွာ…မရိုးနိုင်တဲ့ စကားနှစ်လုံးကို ပဲ ထပ်ပြောရတော့မယ်…ကိုယ်မင်းကို သိပ်ချစ်တယ်…ကိုယ်မင်းကို မြတ်နိုးတယ်…မပြီးဆုံးသေးတဲ့ အချစ်တွေကြောင့် ကိုယ်ခံစားနေရအုံးမှာပါပဲချစ်သူ…ဘာပဲပြောပြောပါ….အလွမ်းသီချင်းတွေ …အဆွေးကဗျာလေးတွေကို ကိုယ်ရေးဖြစ်နေအုံးမှာပါကွာ…ကိုယ်မင်းကို ဆက်ချစ်နေပါရစေကွာ…ကိုယ့်ရင်ထဲကနေ မင်းကို ထုတ်ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်…ကိုယ် ခုချိန်ထိ ခံစားနေရတုန်းပါပဲလားကွာ…တစ်ခါတစ်လေ ကျတော့လည်း အဲဒီလိုမျိုး မင်းကို လွမ်းနေရတာကို ကိုယ်ကျေနပ်ပါတယ်…တကယ်တော့ မင်းဟာ ငါ့ရင်ထဲကနေ ဘယ်တော့မှာ ပျောက်ပြယ်မသွားပဲ ထာဝရ တည်ရှိနေမယ့် အမြတ်နိုးဆုံး အရာတစ်ခုပါကွာ…အတိတ်က အချိန်တွေကို ကိုယ် ရူးသွပ်စွာနဲ့ ပြန်လည် တမ်းတနေမိတယ်…တစ်ကြိမ် တစ်ခါလောက်တော့ ပြန်ရနေမိချင်သေးတယ်ကွာ…ကိုယ် ရူးနေပြီချစ်သူ…ကိုယ်တကယ်ရူးနေရပြီ…မင်းကတော့ သိမှာမဟုတ်ပါဘူး…မင်းလုပ်ချင်တာတွေကို လုပ်လိုက်ရတဲ့ အတွက် မင်းကျေနပ်နေနိုင်ပါစေကွာ…ငါကတော့ ၀ဋ်ကြွေး တွေ ကုန်အောင်ဆပ်လိုက်အုံးမယ်…မင်းကို ဆပ်ရမယ့် ၀ဋ်ကြွေးတွေ ရှိခဲ့ရင်…ဒီဘ၀မှာပဲ ငါ့ရဲ့ဝဋ်ကြွေးတွေ ကျေပါစေတော့ကွာ….ဘာပဲဖြစ်ဖြစ် ငါမင်းအပေါ်မှာတော့ အငြိုးအတေးမထားသလို အမုန်းတရားဆိုတာလည်း ကိုယ့်ရင်ထဲမှာ မင်းအတွက် ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်…

မှတ်တမ်း ၈…

ဘာလည်းဆိုတော့ ဘာလည်းပြော ဘာညာပေါ့ကွာ….
ဟုတ်တယ်မဟုတ်လား…မင်းလည်း မင်းလုပ်ချင်သလိုလုပ်သွားတယ်…ငါလည်းငါလုပ်ချင်ရာလုပ်ခဲ့တယ်…ဒါပေမယ့် ဘာဖြစ်လို့ ငါက စုတ်ပြတ်သတ်ပြီး ကျန်ခဲ့ရတာလည်း…အဲဒီအတွက်ရော ဘယ်သူကို အပြစ်တင်ရမှာလည်း…ငါ့ကိုယ်ငါအပြစ်တင်ရမှာလား…လောကကြီးကို အပြစ်တင်ရမှာလား…မင်းကိုအပြစ်တင်ရမှာလား…ရှုပ်ပါတယ် ဒါတွေထားလိုက်ပါ…ဘယ်သူကိုမှ အပြစ်မတင်တော့ပါဘူး…နောက်ဆုံးတော့ မည်သူ့မှာ အပြစ်ရှိသနည်းဆိုတော့ အဖြေက တစ်ခုတည်းပေါ့…မိမိမှာသာ အပြစ်ရှိပါတယ်ပေါ့…အေးပေါ့ကွာ…တန်ဖိုးထားတဲ့သူနဲ့…တန်ဖိုးမထားတတ်တဲ့သူနဲ့ တွေ့တော့လည်း…တန်ဖိုးထားတတ်တဲ့ သူပဲ ခံစားပြီးကျန်ခဲ့ရတာ သဘာဝပါပဲ…ငါအစက မေတ္တာစစ် မှန်ရင် တစ်နေ့ကျရင်တော့ ရောင်ပြန်ဟပ်မှာပဲလို့ ငါထင်ခဲ့တယ်…ရောင်ပြန်တော့ ဟပ်ပါတယ်…ဒါပေမယ့် သက်ရောက်မှုက ပြောင်းပြန်အချိုးကျနေတယ်လေ…သေပြီပေါ့ကွာ…ဒီကကောင်က မင်းကိုလေ…ဘ၀တစ်ခုလုံးနဲ့ရင်းပြီး ချစ်ခဲ့တာကွ…အေးပါ မင်းကိုလည်း အပြစ်မတင်တော့ပါဘူး…ငါထိုက်နဲ့ငါ့ကံပေါ့ကွာ…ပြောကြပါတယ် သူငယ်ချင်းတွေက လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့ ..အေးငါ ကလည်း အဲဒီနာကျင်စရာလေးတွေကိုမှ တွယ်တာနေမိတာကိုကွ…အမေကလည်းပြောဖူးတယ်….အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့…အဲဒီသမားတော်လည်း ခုထိကို ရောက်မလာသေးဘူး…ခုချိန်ထိငါ စုတ်ပြတ်သတ်နေရတုန်းပဲ…အစားထိုးလိုက်ဖို့ဆိုတာလည်း ဘယ်လိုလုပ်လွယ်မှာလည်းကွာ…ငါက အပေါ်ယံချစ်ခဲ့တာမှ မဟုတ်လား…မင်းနဲ့ခုလိုဖြစ်သွားတာလည်း ငါ့အတွက်အများကြီး ကောင်းပါတယ်လေ…မကောင်းတာက ငါ့နှလုံးသားအတွက်ပဲကွ…အရင်တုန်းက ငါကဗျာတွေမရေးတတ်ဘူး…ခုတော့ ငါမရေးတတ်လည်း ရေးနေပြီ…သီချင်းတွေကိုလည်း အရင်ကထက်ပိုပြီးတော့ နားထောင်ဖြစ်နေပြီ…ငါဝန်ခံပါတယ် မင်းမရှိတော့တဲ့ နောက်မှာ ငါ တကယ်ကို အထီးကျန် ဆန်ခဲ့ပါတယ်…တစ်ခုခု ဆုံးရှုံးသွားသလိုပဲခံစားရပါတယ်…ဒါပေမယ့် ငါဘာမှမတတ်နိုင်တော့ဘူးလေ…အရာအားလုံးဟာ ပြီးဆုံးသွားပြီ…မင်းနင်းချေ ခဲ့တဲ့ ရင်ခွင်တစ်ခု စုတ်ပြတ်သတ်ဖွာစောင်းပြီး ကျန်ခဲ့တယ်ဆိုတာကို မင်းသိမှာ မဟုတ်ပါဘူး…

မှတ်တမ်း ၉…

ချစ်သူ…
ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်နော်…ဟူး..မင်းရော သင်္ကြန်မှာ ဘယ်သူတွေနဲ့လည်မယ်လို့စီစဉ်ထားလည်း…ရင်ခွင်တစ်ခုမှာ များ မင်းပျော်ရွှင်နေမလား..ကွာ…တကယ်တော့ ငါနဲ့မဆိုင်တော့ပါဘူးလေ…မင်းဘာသာ ဘယ်သူနဲ့လည်လည်ပေါ့နော်…ငါကတော့ ၂၀၀၇ ခုနှစ်ရဲ့ သင်္ကြန် အကြတ်နေ့လေးကို ပြန်မှတ်မိနေတုန်းပဲ…မင်းကငါ့ရင်ခွင်ထဲမှာလေ…ငါက ချစ်သူကိုရင်ခွင်ထဲထည့်ပြီး လူတွေအလည်မှာ မော်ကြွားနေခဲ့တာပေါ့…ခုပြန်တွေးရင် ခုပြန်ကြည်နူးနေရတုန်းပါပဲ ကွာ…ငါ မင်းနဲ့နှစ်ယောက်တည်း တစ်ခါလောက်တွေ့ချင်သေးတယ်…မင်းရဲ့ဆံနွယ်လေးကို ယုယစွာ နမ်းရှိုက်ချင်သေးတယ်…ငါရဲ့ ရင်ခွင်ထဲမှာ မင်းကို ခဏလောက်တော့ ထည့်ထားချင်သေးတယ်…မင်းရဲ့ လက်ဖ၀ါးနုနုလေးကို တစ်ခါလောက်တော့ ဆုပ်ကိုင်ထားချင်သေးတယ်ကွာ…မင်းရဲ့ ပါးပြင်လေးကို တစ်ခါလောက်တော့ ကိုင်ကြည့်ချင်သေးတယ်ကွာ…မင်းတစ်ခါက ပြောခဲ့ဖူးတဲ့ စကားလေးကို ငါခုထိမှတ်မိနေသေးတယ်…”မောင် ကောင်မလေးတွေကို ပြုံးမပြနဲ့တဲ့လေ…ငါက ဘာဖြစ်လို့လည်းမေးတော့…မောင် ပြုံးတာလေးက ချစ်ဖို့ကောင်းလို့တဲ့” ခုဆို ငါပြုံးမိတိုင်း ရင်ထဲမှာ နာကျင်နေရပြီ…မင်းနဲ့ပက်သက်ပြီး အရာရာတိုင်းကို ငါမှတ်မိနေပါသေးတယ်ကွာ…ဘာပဲဖြစ်ဖြစ် မင်းပျော်နေရင် ငါကျေနပ်ပါတယ်ကွာ…

လွမ်းဆွတ်ခြင်း

ကြားနေကျ စကားသံလေးတွေ(မကြားနိုင်တော့)
မြင်နေကြ ပုံရိပ်လေးတွေ(မြင်ခွင့်မရှိတော့)
အတူလျောက်နေကြ လမ်းကလေးလည်း(ခြေရာတစ်စုံနဲ့)
အတူရှိခဲ့ဖူးတဲ့ နေရာလေးဟာ(အထီးကျန်စွာ)
ထားရစ်ခဲ့တဲ့ ရင်ခွင်ဟောင်းမှာ(ခြောက်သွေ့အက်ကွဲခြင်းတွေနဲ့အတူ)
ဟိုးအရင်ကလိုပဲ ရူးသွပ်ခြင်းတွေနဲ့(တမ်းတလွမ်းဆွတ် လျက်…)

အပြစ်

မုန်တိုင်းထန်မယ် မှန်းသိလို့
ကမ်းစပ်မှာ တွန်းချခဲ့မိတာ
အပြစ်တဲ့လား…
ခရောင်းလမ်း ဖြစ်နေတဲ့အတွက်
ပန်းခင်းလမ်းကို လျောက်လှမ်းခိုင်းခဲ့မိတာ
အပြစ်တဲ့လား…
အမှောင်ကို ကြောက်တဲ့မင်းအတွက်
အလင်းရှိတဲ့ နေရာမှာထားခဲ့မိတာ
အပြစ်တဲ့လား…
ချစ်လွန်းလို့ ဖြစ်ပေါ်ခဲ့တဲ့
စေတနာတွေကို အပြစ်လို့
မင်း…သတ်မှတ်လိုက်တော့မှာလား…

ဘာကြောင့်လဲ

မင်းအတွက်
နွေမှာ ဖိနပ်အဖြစ် ဖန်းဆင်းခဲ့သူ…
မင်းအတွက်
မိုးမှာ ထီးအဖြစ် ဖန်းဆင်းခဲ့သူ…
မင်းအတွက်
ဆောင်းမှာ အနွေးထည်လေးအဖြစ် ဖန်ဆင်းခဲ့သူ…
မင်းအတွက်
အရာရာကို ဖြစ်စေခဲ့သူ…
မင်းအတွက်
ဒီလူကို…tissue လေးတစ်ခုလောက်တောင်
တန်ဖိုးမထားနိုင်ခဲ့တာ ဘာကြောင့်လဲ…

ဗုံးလေးတစ်လုံး

နွေဦးမှာ လေရူးတွေတိုက်တယ်
မိုးဦးမှာ မိုးရနံ့တွေ ပျံ့နှံနေတယ်
ဆောင်းဦးမှာ မြူနှင်းတွေကျတယ်
သူတို့ရာသီရောက်တော့မယ်
ဆိုတဲ့ အကြောင်းကို အသိပေးခဲ့ကြတယ်…
ဒါပေမယ့် မင်းကတော့
ဂျပန်က အမေရိကန်ကို ၀င်တိုက်သလို
မကြော်ငြာပဲ ငါ့အသည်းနှလုံးကို
ဘလိုင်းကြီး ဗုံးကြဲသွားတော့
ငါလည်း ဖွာစောင်းကျန်ခဲ့တာပေါ့…

လက်ဆောင်

သစ္စာတွေပျက်ပြယ်လို့ ဆုံဆည်းမှုတွေဝေးလွင့်
နှလုံးသားပေါ်မှာကျန်ခဲ့တဲ့ ခြေရာတစ်စုံ
အမှတ်မထင် ငါ့ကိုယ်တိုင်တွေ့လိုက်တဲ့နေ့က
ပြုတ်ကျလာတဲ့ မျက်ဝန်းထဲကရေတံခွန်လေး
ခိုးနားရာမဲ့နေတဲ့ ငှက်တစ်ကောင်
အထီးကျန်ဆန်မှုနဲ့ လာမိတ်ဖွဲ့
ခြေရာပိုင်ရှင်ရဲ့ နောက်ဆုံးလက်ဆောင်
ပျောက်ဆုံးမသွားမယ့် တမ်းတလွမ်းဆွတ်ခြင်းတွေ
ခံစားမှုတွေနဲ့ထုပ်ပိုးလို့ ကြေကွဲမှုလမ်းကြောင့်ကနေ
သူပို့လိုက်တယ်…

တန်ဖိုးမဲ့ခဲ့တဲ့ သစ္စာတရား
ရိုက်ခွဲခံရတဲ့ နှလုံးသား
အထီးကျန်မှုနဲ့ အဖော်ပြု
ရပ်တည်မှုမှာ ဆောက်တည်ရာမဲ့
စိတ်တွေက ကယောင်ချောက်ခြား
အိပ်မက်တွေ ကော်ဖီလိုခါး
နံနက်ခင်းတိုင်း နှင်းတွေနဲ့လွမ်း
ငှက်တွေက လှောင်ပြောင်လို့
ဒါက…ငါ့ရဲ့အချစ်များလား…

လွမ်းချင်း...

ကောင်မလေးရယ်…
မင်းအတွက် ငါ့ရင်ထဲမှာ
သီချင်းတစ်ပုဒ် လျှို့ဝှက်စွာ
ညည်းညူနေဆဲပါ…
ကောင်မလေးရယ်…
ငါ့အလွမ်းတွေက
တစ်ထောင့်တစ်ည ပုံပြင်လိုပဲ
ရှည်လျားလွန်း လှပါတယ်….
ကောင်မလေးရယ်…
မင်းပေးခဲ့တဲ့ ဆုလဒ်က
ငါ့အတွက် ခါးသီးပေမယ့်
ငါကျေနပ်စွာ ခံယူနေမှာပါ…
ကောင်မလေးရယ်…
ငါ့ဘ၀ရဲ့ စာမျက်နှာတွေထဲက
မင်း ရေးသားခဲ့တဲ့ စာမျက်နှာတွေဟာ
ငါ့အတွက်တန်ဖိုး အရှိဆုံးပါ…


၃၁.၈.၂၀၀၉

တမ်းတခြင်း...

မင်းမျက်ရည်တွေ စိုခဲ့တဲ့ဒီရင်ခွင်
မင်းအပြုံးတွေကြောင့် အေးမြခဲ့ရတဲ့ ဒီရင်ခွင်
မင်း စကားသံတွေကြောင့် ကြည်နူးခဲ့ရတဲ့ ဒီရင်ခွင်
မင်းကျေနပ်စွာနဲ့ ၀င်ခိုခဲ့တဲ့ ဒီရင်ခွင်
မင်းအကြည့်ကြောင့် စိုပြေခဲ့ရတဲ့ ဒီရင်ခွင်
မင်းကတိလေးတွေကြောင့် ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ ဒီရင်ခွင်
မင်းရဲ့လက်အစုံကြောင့် အင်းအားဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်
မင်းအနမ်းတစ်စုံကြောင့် ပိတီဖြစ်ခဲ့ရတဲ့ ဒီရင်ခွင်
သြော်…မင်းထွက်ခွာသွားတော့လည်း…
တစ်ချိန်က
ရင်ခွင်တစ်ခုဟာ ခြောက်သွေ့အက်ကွဲစွာ….ကျန်ခဲ့ပြီပေါ့…!!!

သွင်ပြင်

လေနှင်ရာလွင့် တတ်တဲ့
မိုးတိမ်တွေ....
လေတိုက်တိုင်း ယိမ်းကြတဲ့
သစ်ပင်တွေ....
မိုးကောင်းကင်ကြီးရဲ့ အောက်က
ပင်လယ်ရေတွေ...
သဲသောင်ပြင် ပေါ်က
စာသားတွေ...
မိုးရွာပြီးစမှာ ပေါ်တတ်တဲ့
သက်တံရောင်စဉ်တွေ...
ဒါတွေ အားလုံးဟာ
သူမရဲ့ သွင်ပြင်တွေပေါ့...

Thursday, September 10, 2009

document တွေ folder တွေဖွင့်လိုက်တာနဲ့ background မှာပုံလှလှလေးဖန်တီးမယ်ဆိုရင်

အရင်ဆုံး Notepad ဖွင့်

[{BE098140-A513-11D0-A3A4-00C04FD706EC}]
IconArea_Image=---------.jpg

လို့ရိုက်လိုက်ပါ ။ save မှတ်ရင်

save as type မှာ all files

file name က desktop.ini

save မှတ်လိုက်ပါ ။ နောက် ကိုဖန်တီးချင်တဲ့နေရာက my docement မှာဆိုရင်

my docement မှာ desktop file ကိုထားထားပါ ။

ထားချင်တဲ့ photo ကိုလဲ my docement မှာထားထားပါ ။

desktop file ကိုဖွင့် ရိုက်ထားတဲ့ --------------နေရာမှာ photo name ထည့်

save မှတ် ။ save မှတ်ရင် ဘာမှမပြောင်းနဲ့ yes or No မေးရင် yes

ပြီးရင် my docement ရဲ့လွတ်တဲ့နေရာမှာ right click နှိပ် refresh ပေးလိုက်ရင် ရပါပြိးခင်ဗျား...

သိပြိးသားသူတွေအတွက်ကတော့ ဘာမှမဟုတ်လောက်ပါဘူး...မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါ...

သူငယ်ချင်းများအားလုံးပျော်ရွှင်ကြပါစေ...

Sunday, September 6, 2009

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီး
ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်
တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း
တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "


"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…

ကျနော်အားလုံးကိုရီမောစေချင်တာပါ။ဒီစာကိုဖတ်လို့ယဉ်ကျေးမှုနဲနဲကင်းသွားရင်နားလည်ပေးစေချင်ပါတယ်။

Friday, September 4, 2009

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ -
မနီ။ ။" ဘုရားသခင်" ( လန့်သွားသဖြင့် ထ၍အော်လိုက်သည်)
ဆရာမ။ ။ တော်လိုက်တာ တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး ?
ဆရာမ မေး သည် ကို မနီ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရိုက်စ်"
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ????
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက် သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ -

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
----------------------------------------
*တရားမျှတလိုက်ပုံက*

တစ်ခါက ဆိတ်တစ်ကောင် က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီး
ပစ်လို့ မောင်အေးက ရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင် မောင်ခွေး က
တင်းပြီး ထင်းတုံး နဲ့ ပေါက်လိုက်တာ မောင်အေးမိန်းမ ကိုမှန်ပြီးကိုယ်ဝန်
သုံလပျက်ကျသွာတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို
ရောက်လာတော့ တရာသူကြီး က အဖြစ်အပျက် အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်
ပုံက မောင်အေး က မောင်ခွေး ရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ် ကောင်ပြန် အစားပေးစေ။
မောင်ခွေး က မောင်အေး မိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့ မောင်အေး
မိန်းမကို ကိုယ်ဝန် သုံးလ ရှိ အောင်ပြန်လုပ်ပေးစေတဲ့။
-----------------------------------------------
မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီးကလူနာများအား
ပြောကြားသည်မှာ...
" မနက်ဖြန်လူကြီးတစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး
လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ> ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏
ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော
အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား
ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား
ကြက်သားဟင်းမစားချင်ဘူးလား။ "
------------------------------------------------------
ကွာရှင်းလိုကြောင်း
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"

Chat

ယနေ့ အင်တာနက် ခေတ်ကြီးတွင် ချက်ခြင်းသည် အတော့်ကို ရေပန်းစားလေသည်။
ချက်သည်ဟု ဆိုရာတွင် ချက်ပြုတ်ခြင်း cooking နှင့်
မမှားလိုက်ကြပါနှင့်ဦး။ သိုးဆောင်းစကားဖြင့်ဆိုရသော် chat ၊
မြန်မာစကားကို အသံဖလှယ်၍ ချက် ဟုသုံးနှုံးထားသော မွေးစားစကားလုံး
ဖြစ်ပေသည်။ ယေဘုယျ အဓိပ္ပါယ်မှာ စကားစမည်ပြောဆိုခြင်း
ဟုဘာသာပြန်နိုင်ပေမည်။ ပို၍တိတိကျကျ ဆိုရသော် အင်တာနက်လှိုင်းမှ တဆင့်
ကွန်ပြူတာတစ်လုံးနှင့် တစ်လုံးအကြား တမဟုတ်ချင်း စာရေးဆက်သွယ်
စကားပြောကြခြင်းပင်။ အီးမေးလ် ကဲ့သို့ အချိန်စောင့်စရာမလိုပဲ ချက်ချင်း
တုန့်ပြန် ရေးသားနိုင်ခြင်းသည် ကား ချက်ြခင်း၏ အားသာချက်ပါပေ။ အချို့က
ရပ်ဝေး ရောက်နေသော ဆွေမျိုး မိတ်ဆွေများနှင့် ချက်ကြသည်။ အချို့က
မည်သူမည်ဝါရယ်မဟုတ် မိတ်ဆွေရှာ သူငယ်ချင်းရှာ ချင်သဖြင့် ချက်ကြသည်။
အချို့က ကြူကြူ လုပ်ချင်သဖြင့်ချက်ကြသည်။ ချက်သူကို ချက်တာ (chatter)
ဟုခေါ်သည်။ ချက်သူများ စုဝေးရာ အရပ်ကို ချက်ရွမ်း (chat room) ဟုခေါ်သည်။
မယုံမရှိနှင့်မိတ်ဆွေ။ ချက်ရွမ်းထဲတွင် သင်သည် ဘာမဆို ဖြစ်နိုင်သည်။
အမေရိကားရောက်နေသူ ဆယ့်ခြောက်နှစ် တစ်ရက်လျော့ ဆတ်ကော့လတ်ကော့ ကောင်မလေး
ဖြစ်နိုင်သည်။ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ဆိုလား ရုရှားပညာတော်သင်
သွားနေသူ စစ်ဗိုလ်ကလေး ဖြစ်နိုင်သည်။ စင်္ကာပူ ပိုလီကျောင်းတက်နေသူ
စတိုင်ထွားထွား သူဌေးသားကလေး ဖြစ်နိုင်သည်။ သို့ကလို မည်သူများ
မည်သို့ပင် ချက်ကြစေကာမူ ကျွန်ုပ်အဖို့ကား ချက်ခြင်း၏ နောက်ကွယ်မှ
မှတ်သားဖွယ်များကိုသာ ဤသို့ လေ့လာမိခဲ့ပါသတည်း။
မည်သူက စထွင်ခဲ့သည်တော့ မသိပါ။ အချို့အချို့သော ဥာဏ်ကြီးရှင်တို့မှာ
ချက်ရွမ်းတွင် မြန်မာစာကိုလည်း မရိုက်တတ် အင်္ဂလိပ်စာကိုလည်း ရေရေလည်လည်
မတတ်သည်လား ပျင်းသည်လား မပြောနိုင်။ အင်္ဂလိပ် စာလုံးဖြင့် မြန်မာ
အသံထွက်တို့ကို အောက်ပါအတိုင်း ရေးလေ့ရှိကြရာ မြင်းဂလိရှ် (Myenglish)
သို့မဟုတ် ဘားဂလိရှ် (Burglish) ဟု ခေါ်တွင်လာသော ဘာသာစကား တစ်မျိုး
ပေါ်ထွက်လာလေ၏။
"hey.. kaung lay, nay kaung lar?"
"kaung ba byar, ma tway tar taung kyar bee pot"
မြန်မာဘလောဂ်ဂါများ၏စုစည်းတင်ပြမှု
၇၆
"hote te lay. Ah lote shote nay de."
ကြာလျှင် မလေး အင်ဒို ဘဟာစာ ကဲ့သို့ မြန်မာ ဘဟာစာ စကားဟု ပေါ်လာနိုင်စရာ
အကြောင်းရှိ၏။ မြန်မာဘာသာ အတတ်ဆန်း အဲလေ.. တစ်ခေတ်ဆန်းချိန်တည်း။
ထို့အပြင် ချက်ြခင်းနှင့် ဆက်နွယ်သော အောက်ပါဝေါဟာရများလည်း
ရေပန်းစားလာစရာ အကြောင်းရှိသည် ဟုတွေးမိပါသည်။
ချက်ကြသည် ဆိုရာဝယ် ကောင်လေး ကောင်မလေးများသာ မဟုတ်၊ လုကြီးလူငယ် ၊
မကြီးမငယ်များပါ မကျန် အင်တာနက်ရှိက ကွန်ပြူတာရှိက ချက်နိုင်လေသည်။
ကိုယ်ပိုင်နာမည် အစစ်နဲ့ ချက်စရာမှမလိုပဲ။ ဘယ်သူသိတာ လိုက်လို့နော။
ဤသို့ဆိုလျှင် လူရှေ့သူရှေ့တွင် ဟန်ကလေးနှင့်နေကာ ကွယ်ရာကျမှ
သူများမသိအောင် တိတ်တိတ်ပုန်း ချက်သော သူများကို - ချက်ပုန်း- သို့မဟုတ်
- ချက်ပုန်းခုတ်သူ - ချက်ပုန်းသီး- ဟုခေါ်လျှင် သင့်ပေမည်။ ….. အဟိ…
တို့ရုံးက အန်ကယ်ကြီးက လက်စသတ်တော့ ချက်ပုန်းကြီးပဲ။ ဟိုနေ့က ကွန်ပြူတာ
လော့ဂ်အောက်လုပ်မသွားလို့ သွားပိတ်ပေးတော့မှ သူ ကြူနေတဲ့ ကောင်မလေးဆီက
မက်ဆေ့ခ်ျတွေ ၀င်လာတယ်ဆရာ… စသည်ဖြင့် စာရေးမကလေးများက သူတို့ဆရာကို
စကားတင်းဆိုရာတွင် ဤဝေါဟာရကို တော်သလို သုံးနိုင်သည်။
တညလုံး အပီအပြင် ချက်ထား၍ နောက်တနေ့တွင် ကျောင်း၌ ရုံး၌ အိပ်ငိုက်ကာ
ဒေါင်းနေခြင်းမျိုးကို - ချက်နာကျခြင်း - ဟုခေါ်နိုင်မည်။ ဤသို့
ချက်နာကျလျှင် နံနက်စောစော အင်တာနက် ၀င်ကာ မိမိ အလွမ်းသင့်သူနှင့်
တစ်ကြောင်းနှစ်ကြောင်းလောက် ချက်လိုက်မှ အနည်းငယ် လန်းလန်းဆန်းဆန်း
ရှိသွားနိုင်လျှင် - ချက်မီအပ်- လုပ်ခြင်းဟုခေါ်နိုင်မည်လား မသိပါ။
မိမိ အမြဲ အစဉ်တစိုက် ချက်လေ့ရှိသော ချက်ဖော်ချက်ဖက်ကို - အချက်တော်-
ဟုခေါ်နိုင်သည်။ ချက်ရာတွင် ဟိုအကြောင်းဒီအကြောင်း သူများမကောင်းကြောင်း
ကိုယ်ကောင်းကြောင်း ပြောကြခြင်းကို - ချက်တင်းနှော - ကြသည်ဟု ဆိုလျှင်
ဟုတ်သလိုလိုရှိသည်။ သို့သော် ဤဝေါဟာရများ ကို နားလေးသော အမေရှေ့တွင် - ညက
အချက်တော်နဲ့ တညလုံး ချက်တင်းနှောထားတာ ဒီမနက်တော့ ချက်နာကျနေပြီ -
ဟုပြောမိလျှင် နားကြားလွဲပါက ပေါင်တွင်းကြော ကောင်းကောင်း
လိမ်ဆွဲခံရကိန်းရှိသည်။
တန်ဆေးလွန်ဘေးဟု ဆိုသည်မဟုတ်ပါလော။ ချက်စ ရှိလျှင် ဆက်ချက်ချင်သည်။
အချက်ကြီးသူတို့သည် စာဖတ်ချိန် အလုပ်လုပ်ချိန် များမှ အချိန်ကိုပင်
ဖဲ့ယူ၍ ချက်တတ်ကြသည်။ အွန်လိုင်းဝင်တိုင်း ချက်ရွမ်းသွားကာ ချက်သူကို
ရှာဖွေတတ်ကြသည်။ ဤအခြေအနေသို့ ဆိုက်ရောက်နေလျှင် -ချက်စွဲခြင်း -
ဟုခေါ်နိုင်သည်။ အချိန်တန်လို့မှ မချက်ရလျှင် မနေနိုင် - ချက်ပိုးထိုး -
လာတတ်သည်။ အချက်ရောဂါ အချက်နာကား ကုစရာနတ္ထိ ဆေးမရှိပြီလော။
ထို့အပြင် မြန်မာ့ အနုပညာ နယ်ပယ်၌လည်း - ချက်လူမိုက်၊ ချက်ပင် ချက်မိုး
ချက်လိုက်ပါတဲ့မေ၊ ချက်တာလောကများ၏ ဟိုမှာဘက်၊ ချက်လောက၏ စိန်ခေါ်သံ၊
မရှိမဖြစ်ချက်၊ ချက်တဗလ၊ ချက်နည်းကြူနည်း- စသည့် ခေါင်းစဉ်များ ဖြင့်
ချက်ခြင်းနှင့် ပါတ်သက်သည့် သီချင်း၊ ၀တ္ထု ၊ တက်ကျမ်း များလည်း
အများအပြား ပေါ်ထွက်လာစရာ အကြောင်း ရှိလေသည်။
ဤသို့လျှင် ရောက်တတ်ရာရာ တွေးတောမိပါသတည်း။

* အိးမေလ်မှ ဖတ်မိသော ဟာသလေး ဖြစ်ပါသည်....*

;;