Monday, September 14, 2009
ဒီနေ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့လေ…ငါ ကတော့ မင်းကို သတိရနေတယ်…မင်း ရင်ထဲမှာလည်း ငါ့ကို သတိရနေမှာပဲလို့ ရူးသွပ်စွာ မျှော်လင့်နေမိတယ်…တကယ်တော့ မင်းရင်ထဲမှာ ငါ မရှိပါဘူးလေ…ငါမင်းကို လွမ်းဆွတ်နေပါသေးတယ်…မဖြစ်နိုင်တော့မှန်းသိပေမယ့် စိတ်ကူးယဉ်ဆန်တဲ့
မျှော်လင့်ချက်တွေ ငါ့ရင်ထဲမှာ တည်ရှိနေဆဲပဲလေ…ခု ငါ့ဘ၀ကြီး ခါးသက်နေပြီ…ငါ့ဘ၀ဆောက်တည်ရာမဲ့နေပြီ…အထီးကျန်ဆန်တဲ့ အရသာကို ငါခံစားနေရပြီ…ခုဆို ငါဟာ မင်းမကြိုက်တဲ့ ဆေးလိပ်လည်း မသောက်တော့ဘူး…ချစ်သူရယ်…ငါမင်း အသံလေးကို ကြားချင်လိုက်တာကွာ…မင်း မဟုတ်တဲ့ အခြားတစ်ယောက် ကို ငါဘယ်လို မှ ချစ်နိုင်မယ် မထင်ဘူးကွာ…ငါ မင်းကို အရမ်းချစ်တယ်…မြတ်နိုးတယ် …တန်ဖိုးထားတယ်…မေ့ပြစ်သင့်မှန်းသိလို့ ငါ မေ့ထားခဲ့ပါတယ်…ဒါပေမယ့် မင်း က ငါ့နှလုံးသားထဲမှာ အမြစ်တွယ်နေပြီလေ…အချိန်အတိုင်းအတာ တစ်ခုကျရင်တော့ ငါနှလုံးသားထဲကနေ မင်းကို မေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…ခုလောလောဆယ်တော့ ငါ တော်တော်လေး ခံစားနေရတယ် ချစ်သူရယ်…ကောင်းပါတယ်…ငါက အဲဒီလိုမျိုး တမြည့်မြည့်နဲ့ ခံစားနေရတဲ့ ခံစားချက်လေးတွေကို သဘောကျတယ်…မင်းနောက်ဆုံးတောင်းဆိုခဲ့တဲ့ အတိုင်း ငါ မင်းကို အရုပ်အကြီးကြီး ၀ယ်ပေးမှာပါ…အပြင်ပန်းကြည့်ရင်တော့ ငါ ဘာမှမဖြစ်သလိုပါပဲ…ရင်ထဲမှာတော့ မင်းအတွက် တမြည့်မြည့် လောင်ကျွမ်းနေပါတယ်…ငါ မင်းကို ပဲချစ်တယ်…မင်းကိုပဲ တွေ့ချင်တယ်…မင်းနဲ့ပဲ ဘ၀ကို လျောက်လှမ်းချင်တယ်…ထားလိုက်ပါလေ…ဒါတွေက လက်တွေ့မှာ ဘယ်လိုမှ ဖြစ်မလာနိုင်တော့ဘူးလေ…ငါ့စိတ်ကူးထဲမှာ မင်းနဲ့အတူ ငါ့ဘ၀ကို အမြဲတမ်း ဖြတ်သန်းနေမှာပါ…မင်း ငါ့ရင်ထဲမှာပဲ အမြဲတမ်း ရှင်သန်နေတော့နော်…ငါ ရင်ထဲက အချစ်တွေကတော့ မင်းအတွက် အမြဲတမ်း စီးဆင်းနေမှာကွာ…လွမ်းလိုက်တာကွာ…မင်းနေကောင်းရဲ့လား…စိတ်တွေညစ်နေသေးလား…ပျော်အောင်နေနော်…ဘာတော့မှ စိတ်ညစ်စရာတွေ မတွေးနဲ့နော်…လိမ်မာတယ်…ကိုယ် မှာ ခဲ့တာတွေကိုရော မင်းမေ့များနေပြီလားဟင်…ချစ်သူရယ်…မင်းဘ၀မှာ ငါက အရေးမပါခဲ့ဘူးနော်…ငါ မင်းကို ဒီထက်ပိုပြီး ပေးဆပ်ချင်သေးတာ…ငါ သာ မြန်မာမှာ ရှိနေခဲ့ရင် မင်း ဒီလို အဖြစ်မျိုးဖြစ်မှာ မဟုတ်ဘူးနော်…ငါ ကို က ဒီကိုလာခဲ့မိတာမှားတာပါ ချစ်သူရယ်…အိမ်က စေ့စပ်ပေးမယ်လုပ်တုန်းက ငါ မငြင်းသင့်ခဲ့ဘူးနော်…အဲဒါဆို မင်းလည်း အခုလို ဖြစ်ချင်မှ ဖြစ်မှာ…ဘာပဲဖြစ်ဖြစ်လေ မင်းပေးတဲ့ အချစ်တွေက ငါ့အတွက် တစ်ဘ၀စာ လုံလောက်ပါတယ် ကွာ…မင်းငါ့အပေါ်ကို ဘယ်လိုပဲ ချစ်ခဲ့ ချစ်ခဲ့ မင်းနဲ့ငါနဲ့ချစ်နေတဲ့ အချိန်တွေမှာ ငါပျော်ရွှင်ရပါတယ် …ကြည်နူးရပါတယ်…အားပေးနှစ်သိမ့်မှုတွေလည်း ရခဲ့ပါတယ်ချစ်သူ…အဲဒီအတွက်ကြောင့် ငါမင်းကို ကျေးဇူးတင်နေမှာပါ…အဆင်ပြေ အောင်နေနော်…ငါ မင်းကို လွမ်းနေမှာပါ…မင်းကတော့ ဘယ်သိမှာလည်း…ငါ မင်းကို မေ့သွားပြီလို့ပဲ ထင်နေမှာပေါ့…တကယ်တော့ ….ငါ….မင်းကို….အမြဲတမ်းပဲချစ်နေခွင့်ရချင်ခဲ့တာပါ….လွမ်းတယ်ကွာ..။
Labels: Gipsy တစ်ကောင် ရဲ့ DIARY






