Monday, September 14, 2009
ဘာလည်းဆိုတော့ ဘာလည်းပြော ဘာညာပေါ့ကွာ….
ဟုတ်တယ်မဟုတ်လား…မင်းလည်း မင်းလုပ်ချင်သလိုလုပ်သွားတယ်…ငါလည်းငါလုပ်ချင်ရာလုပ်ခဲ့တယ်…ဒါပေမယ့် ဘာဖြစ်လို့ ငါက စုတ်ပြတ်သတ်ပြီး ကျန်ခဲ့ရတာလည်း…အဲဒီအတွက်ရော ဘယ်သူကို အပြစ်တင်ရမှာလည်း…ငါ့ကိုယ်ငါအပြစ်တင်ရမှာလား…လောကကြီးကို အပြစ်တင်ရမှာလား…မင်းကိုအပြစ်တင်ရမှာလား…ရှုပ်ပါတယ် ဒါတွေထားလိုက်ပါ…ဘယ်သူကိုမှ အပြစ်မတင်တော့ပါဘူး…နောက်ဆုံးတော့ မည်သူ့မှာ အပြစ်ရှိသနည်းဆိုတော့ အဖြေက တစ်ခုတည်းပေါ့…မိမိမှာသာ အပြစ်ရှိပါတယ်ပေါ့…အေးပေါ့ကွာ…တန်ဖိုးထားတဲ့သူနဲ့…တန်ဖိုးမထားတတ်တဲ့သူနဲ့ တွေ့တော့လည်း…တန်ဖိုးထားတတ်တဲ့ သူပဲ ခံစားပြီးကျန်ခဲ့ရတာ သဘာဝပါပဲ…ငါအစက မေတ္တာစစ် မှန်ရင် တစ်နေ့ကျရင်တော့ ရောင်ပြန်ဟပ်မှာပဲလို့ ငါထင်ခဲ့တယ်…ရောင်ပြန်တော့ ဟပ်ပါတယ်…ဒါပေမယ့် သက်ရောက်မှုက ပြောင်းပြန်အချိုးကျနေတယ်လေ…သေပြီပေါ့ကွာ…ဒီကကောင်က မင်းကိုလေ…ဘ၀တစ်ခုလုံးနဲ့ရင်းပြီး ချစ်ခဲ့တာကွ…အေးပါ မင်းကိုလည်း အပြစ်မတင်တော့ပါဘူး…ငါထိုက်နဲ့ငါ့ကံပေါ့ကွာ…ပြောကြပါတယ် သူငယ်ချင်းတွေက လွမ်းစရာရှိရင် နာစရာနဲ့ဖြေတဲ့ ..အေးငါ ကလည်း အဲဒီနာကျင်စရာလေးတွေကိုမှ တွယ်တာနေမိတာကိုကွ…အမေကလည်းပြောဖူးတယ်….အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့…အဲဒီသမားတော်လည်း ခုထိကို ရောက်မလာသေးဘူး…ခုချိန်ထိငါ စုတ်ပြတ်သတ်နေရတုန်းပဲ…အစားထိုးလိုက်ဖို့ဆိုတာလည်း ဘယ်လိုလုပ်လွယ်မှာလည်းကွာ…ငါက အပေါ်ယံချစ်ခဲ့တာမှ မဟုတ်လား…မင်းနဲ့ခုလိုဖြစ်သွားတာလည်း ငါ့အတွက်အများကြီး ကောင်းပါတယ်လေ…မကောင်းတာက ငါ့နှလုံးသားအတွက်ပဲကွ…အရင်တုန်းက ငါကဗျာတွေမရေးတတ်ဘူး…ခုတော့ ငါမရေးတတ်လည်း ရေးနေပြီ…သီချင်းတွေကိုလည်း အရင်ကထက်ပိုပြီးတော့ နားထောင်ဖြစ်နေပြီ…ငါဝန်ခံပါတယ် မင်းမရှိတော့တဲ့ နောက်မှာ ငါ တကယ်ကို အထီးကျန် ဆန်ခဲ့ပါတယ်…တစ်ခုခု ဆုံးရှုံးသွားသလိုပဲခံစားရပါတယ်…ဒါပေမယ့် ငါဘာမှမတတ်နိုင်တော့ဘူးလေ…အရာအားလုံးဟာ ပြီးဆုံးသွားပြီ…မင်းနင်းချေ ခဲ့တဲ့ ရင်ခွင်တစ်ခု စုတ်ပြတ်သတ်ဖွာစောင်းပြီး ကျန်ခဲ့တယ်ဆိုတာကို မင်းသိမှာ မဟုတ်ပါဘူး…
Labels: Gipsy တစ်ကောင် ရဲ့ DIARY






