Monday, September 14, 2009

မှတ်တမ်း ၉…

ချစ်သူ…
ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ်နော်…ဟူး..မင်းရော သင်္ကြန်မှာ ဘယ်သူတွေနဲ့လည်မယ်လို့စီစဉ်ထားလည်း…ရင်ခွင်တစ်ခုမှာ များ မင်းပျော်ရွှင်နေမလား..ကွာ…တကယ်တော့ ငါနဲ့မဆိုင်တော့ပါဘူးလေ…မင်းဘာသာ ဘယ်သူနဲ့လည်လည်ပေါ့နော်…ငါကတော့ ၂၀၀၇ ခုနှစ်ရဲ့ သင်္ကြန် အကြတ်နေ့လေးကို ပြန်မှတ်မိနေတုန်းပဲ…မင်းကငါ့ရင်ခွင်ထဲမှာလေ…ငါက ချစ်သူကိုရင်ခွင်ထဲထည့်ပြီး လူတွေအလည်မှာ မော်ကြွားနေခဲ့တာပေါ့…ခုပြန်တွေးရင် ခုပြန်ကြည်နူးနေရတုန်းပါပဲ ကွာ…ငါ မင်းနဲ့နှစ်ယောက်တည်း တစ်ခါလောက်တွေ့ချင်သေးတယ်…မင်းရဲ့ဆံနွယ်လေးကို ယုယစွာ နမ်းရှိုက်ချင်သေးတယ်…ငါရဲ့ ရင်ခွင်ထဲမှာ မင်းကို ခဏလောက်တော့ ထည့်ထားချင်သေးတယ်…မင်းရဲ့ လက်ဖ၀ါးနုနုလေးကို တစ်ခါလောက်တော့ ဆုပ်ကိုင်ထားချင်သေးတယ်ကွာ…မင်းရဲ့ ပါးပြင်လေးကို တစ်ခါလောက်တော့ ကိုင်ကြည့်ချင်သေးတယ်ကွာ…မင်းတစ်ခါက ပြောခဲ့ဖူးတဲ့ စကားလေးကို ငါခုထိမှတ်မိနေသေးတယ်…”မောင် ကောင်မလေးတွေကို ပြုံးမပြနဲ့တဲ့လေ…ငါက ဘာဖြစ်လို့လည်းမေးတော့…မောင် ပြုံးတာလေးက ချစ်ဖို့ကောင်းလို့တဲ့” ခုဆို ငါပြုံးမိတိုင်း ရင်ထဲမှာ နာကျင်နေရပြီ…မင်းနဲ့ပက်သက်ပြီး အရာရာတိုင်းကို ငါမှတ်မိနေပါသေးတယ်ကွာ…ဘာပဲဖြစ်ဖြစ် မင်းပျော်နေရင် ငါကျေနပ်ပါတယ်ကွာ…

0 Comments:

Post a Comment